>
သတင်းထဲက ဂဏန်းများ
ရက်ပေါင်း ၆၀ အတွင်း ပြန်လည် မှတ်ပုံတင်ရမည့် တည်ဆဲ ပါတီများ
မတ် ၂၀၊ ၂၀၁၀
မှတ်ပုံတင်ရန် သတ်မှတ်ထားသည့် နောက်ဆုံးနေ့ – မေလ ၇ ရက်နေ့ (သောကြာနေ့)
သက်တမ်း အနှစ် ၂၀ ကျော်လာပြီဖြစ်သည့် နိုင်ငံရေးပါတီများသည် တရားဝင် ရပ်တည်လိုပါက ရက်ပေါင်း ၆၀ အတွင်း စစ်အစိုးရထံတွင် ထပ်မံ မှတ်ပုံတင်ရမည်ဟု ယခုလ ၈ ရက်နေ့ထုတ် စစ်အစိုးရ၏ ဥပဒေတွင် ဖော်ပြထားသည်။
ထိုပါတီများ စာရင်းကို ယခုတပတ်ထုတ် Voice ဂျာနယ်တွင် အောက်ပါအတိုင်း တွေ့ရသည်။
ယနေ့တိုင် ရပ်တည်လျက်ရှိသည့် နိုင်ငံရေးပါတီများ
၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy-NLD)
၂။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (National Unity Party- NUP) ၃။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (Shan National League for Democracy- SNLD)
၎။ ပြည်ထောင်စုပအိုဝ့်အမျိုးသားများအဖွဲ့ချုပ် (Union Paoh National Organization-UPNO) ၅။ ရှမ်းပြည်-ကိုးကန့်ဒီမိုကရက်တစ်ပါတီ (Shan State Kokang Democratic Party-SSKDP)
၆။ မြို(ခေါ်) ခမီအမျိုးသားညီညွတ်ရေးအဖွဲ့ (မ၊ ခ၊ မ၊ ည၊ ဖ) (Mro or Khami National Solidarity Organization -MKNSO) ၇။ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (Lahu National Development Party- LNDP)
၈။ ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ် (Union Karen League)