>Zay Mhine – Purple Horse Poem

>

သိစိတ်ထဲက ဗေဒါ သို့
ဇေမှိုင်း
ဇန်န၀ါရီ ၁၇၊ ၂၀၁၀
 ခရမ်းပြာ မြင်းရိုင်းရေ
အိပ်မက်နဲ့ ညနေတွေ, လေထန်ကုန်းနဲ့ ညနေတွေ
အဲဒီညနေတွေမှာ
ကျနော်တို့ လက်တွေ
ရိပ်သိမ်းဖို့ ကျနော်တို့လက်တွေ
ရှိနေဆဲပါဗျာ။
ယာမာဂူချီ
… ဝေး
… ဝေးနဲ့ ခလေးတွေ
အဲဒါ
ဗားတော့ဗရက် ရဲ့ ကဗျာတွေ    ဟုတ်စ …
ခင်ဗျား လွမ်းခဲ့
ပြီးတော့  ဝေးခဲ့ရ၊၊
ခရမ်းပြာ မြင်းရိုင်းဟာ
အနောက်မဲဇာမှာ
ကဆုန်စိုင်းနေပေါ့
မမခင်ဦးစပါယ်ရေ
ကဗျာဆရာရဲ့ အလုပ်ဟာ ကဗျာပါ
ဟော့ဒီ နှင်းတောထဲက မနက်ခင်း
ရုတ်တရက်
နှင်းဆီပွင့်တယ်၊၊
ကိုအောင်ဝေး သို့

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts