>Ko Ko Gyi turns 48 in remote prison – AAPP announced

>

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ၄၈ နှစ်ပြည့်၊ ထုတ်ပြန်ချက်
အေအေပီပီ
ဒီဇင်ဘာ ၁၈၊ ၂၀၀၉
          ဒီနေ့ဟာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးရဲ့ ၄၈ နှစ်မြောက် မွေးနေ့၊ ဒါပေမဲ့ ကိုကိုကြီးကတော့ မိုင်းဆတ် အကျဉ်းထောင်ထဲက အခန်းကျဉ်းလေးထဲမှာ     သူ့အခန်းဖေါ် တွေနဲ့ သူရဲ့ ၄၈ နှစ်မြောက် မွေးနေ့ပွဲကို ကျင်းပနိုင်ကောင်း ကျင်းပနေပေလိမ့်မယ်။ သူရဲ့ မိသားစုတွေ  ၊ သူ့ကို ချစ်ခင်မြတ်နိုးကြတဲ့ ရဲဘော်၊ မိတ်ဆွေ များကတော့ မွေးနေ့ရှင်မပါတဲ့ မွေးနေ့ပွဲကို အကျဉ်းထောင်ရဲ့ပြင်ပမှာ ကျင်းပနေမှာပဲလို့ တွေးမိပါတယ်။  
          ကိုကိုကြီးတယောက် အကျဉ်းထောင်ထဲမှာ ရှိနေပေမဲ့ သူအဖမ်းမခံရခင် ပြောခဲ့တဲ့ စကားတွေ၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပတ်သက်တဲ့ အယူအဆတွေက ကျနော်တို့ ရင်ထဲမှာ ပဲ့တင်ထပ်နေဆဲပါ။ မှတ်မှတ်ရရ ဖြစ်နေဆဲပါ။ အောက်က စာပိုဒ်လေးက ကိုကိုကြီးနဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တွေ ဒုတိယအကြိမ် အဖမ်းမခံရခင် တစ်ရက်အလို စက်တင်ဘာ ၂၆ ရက်၊ ၂၀၀၆ ညဖက်မှာ ပြောခဲ့တဲ့ စကားတွေထဲက ကောက်နှုတ်ဖော်ပြချက်လေးပါ။
          စစ်အုပ်စုက အာဃာတ ကြီးစွာနဲ့ ထောင်ဒဏ် ၆၅ နှစ်ချထားတဲ့ လူတယောက်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ပတ်သက်တဲ့ သဘောထား၊ အမြှော်အမြင်၊ စေတနာ အသေးစိတ်ကိုတော့ အတက်ခ်ျဖိုင်(ပူးတွဲဖိုင်) ထဲမှာ အပြည့်အစုံ ဖတ်ရှူနိုင်ပါတယ်။ ဒီ့အပြင် ကျနော်တို့ အေအေပီပီရဲ့ အင်တာနက်စာမျက်နှာ www.aappb.org မှာ ရှာယူဖတ်ရှုနိုင်ပါတယ်။
          ကျွန်တော်တို့အနေနဲ့ ဖမ်းဆီးတာတွေ၊ အရေးယူတာတွေ ဆိုတာက အထူး အဆန်းတော့ မဟုတ်ပါဘူး၊ ကျွန်တော်တို့ကိုယ်တိုင် လည်း ထောင်ထဲမှာ ဆယ့်လေး၊ ငါး နှစ်နေခဲ့ရပြီးပြီ၊ ထောင်ထဲမှာ ဘယ်လိုနေရထိုင်ရမယ်ဆိုတာလည်း ကျွန်တော်တို့ အကျွမ်းတဝင် ဖြစ်ပြီးသားပါ။ တခုပဲ၊ ကျွန်တော်တို့က အဖမ်းခံရမှာမကြောက်ဖူး၊ အလုပ်မလုပ်နိုင်မှာပဲစိုးတယ်။
          ကျွန်တော်တို့ ပြောပြောနေတာက ပြည်သူတွေရဲ့ အခန်းကဏ္ဍအရေးကြီးတယ်ဆိုတာ ဒါ ကျွန်တော်တို့ ထပ်ခါတလဲလဲ လည်းပြောပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ၅၄ သန်းရဲ့ လူနေမှုဘဝတွေ ဒီ လူ့အဖွဲ့အစည်းကြီး တခုလုံး ပြောင်းလဲပစ်ဖို့ ဆိုတာ နိုင်ငံရေးသမား ထောင်ဂဏန်းနဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့တွေဆိုတာ လောက်နဲ့ ဘယ်လိုမှ မလုပ်နိုင်ပါဘူး၊ အဲဒီတော့ နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းဆိုတာကလည်း ပြည်သူတွေနဲ့ နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမားဆိုတာ ရေနဲ့ကြာ လိုပါဘဲ။ ရေမရှိပဲနဲ့ ကြာလည်း မရှိနိုင်ဘူး၊
        မိုးမခတွင် ထိုစဉ်က ကူးယူဖော်ပြခဲ့ပါသည်။ သည်နေရာမှာ သွားကြည့်နိုင်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts