>Maung Swan Yi – Mother Day Poem

>

အမေနေ့

မောင်စွမ်းရည်

မေ ၁၀၊ ၂၀၀၉

ဒီနေ့

အမေနေ့။

ဗမာ့အမေနေ့

အာရှ အမေနေ့

အာဖရိက အမေနေ့

ကမ္ဘာ့ အမေနေ့

အားလုံးရဲ့ အမေနေ့။

မနေ့ကလဲ အမေ

ဒီနေ့မှာလဲ အမေ

နက်ဖန်လဲ အမေ

ထာဝရ အမေ။

မနှစ်ကလဲ အမေ

ဒီနှစ်မှာလဲ အမေ

နောင်နှစ်ကျလဲ အမေ

ထာဝရ အမေ။

ဗုဒ္ဓကို မွေးတဲ့ အမေ

အမေ့ကို မွေးတဲ့ အမေ

အဖေကို မွေးတဲ့ အမေ

ဆရာ့ကို မွေးတဲ့ အမေ

လူအားလုံးကို မွေးတဲ့ အမေ

ထာဝရ အမေ။

လင်ကွန်းကို မွေးတဲ့ အမေ

လီနင်ကို မွေးတဲ့ အမေ

အနော်ရထာကို မွေးတဲ့ အမေ

ကျန်စစ်သားကို မွေးတဲ့ အမေ

မှိုင်းကို မွေးတဲ့ အမေ

သန့်ကို မွေးတဲ့ အမေ

ဆန်းကို မွေးတဲ့ အမေ

စုကို မွေးတဲ့ အမေ

မြို့မငြိမ်းကို မွေးတဲ့ အမေ

စိန်ဗေဒါကို မွေးတဲ့ အမေ

ဦးဘဥာဏ်ကို မွေးတဲ့ အမေ

ဦးဘဂျမ်းကို မွေးတဲ့ အမေ။

မွေးခဲ့ မွေးဆဲ မွေးလတံ့

မွေးအံ့သော သူတွေ

လူသားအားလုံးရဲ့ အမေ

အမေ အမေ အမေ

အမေဟူသမျှ

တူမျှ ကျန်းမာစေ

ချမ်းသာစေ၊ လန်းဖြာစေ။

(၂၀၀၉ မေလ ၇ ရက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts