>Thit Kaung Eain – Ritual

>

ခေါစာပစ်ခြင်းများ

သစ်ကောင်းအိမ်

ဧပြီ ၁၆၊ ၂၀၀၉





ကံကောင်းချင်တော့ လေယာဉ်စီးရ

ကံဆိုးချင်တော့ လေယာဉ်ပျက်ကျ

အဲဒီ ဟာသ လို လူ့ဘ၀။

ကျနော်တို့ရဲ့ ဒုလ္လဘ

ခိုးသားငါးရာနဲ့ သေဖော်ညှိရ

အရူး ဖုတ်သွင်းရထားဆိုက်ကိန်းနဲ့ ကြုံရ။

ကျနော်တို့ရဲ့အိပ်မက်က

တစ္ဆေလိုက်တော့ ပြေးမရ

နမ်းမယ့်ဆဲဆဲ လန့်နိုးရ။

ကျနော်တို့ရဲ့ ရေပွက်က

ဇာတ်ဝင်ခန်းတိုင်း ဗီလိန်တွေပဲ အနိုင်ရ

“ရွှေဘကွ” လို့ … အော်ခွင့် မရ။

ကျနော်တို့ရဲ့ ဇာတက

မာရ်နတ်မင်းမှာ လက်ရုံးပေါင်း တထောင်ရှိရ

ဟင်္သာကိုးသောင်း ပျက်ကြရ။

မလန်းဘူး

သမိုင်းက ကြွေးစာရင်း ပို့နေပြီ။

မလန်းဘူး

မျိုးဆက်က နှိုးစက် မြည်နေပြီ။

မလန်းဘူး

မြစ်က လူခေါ်နေပြီ။ ။