၈၈ မျိုးဆက် ခေါင်းဆောင်များနှင့် ဆန်ဖရန်မြန်မာမိသားစုများ အရေးတော်ပုံ ၂၅ နှစ်အကြို တွေ့ဆုံ
မိုးမခဓာတ်ပုံသတင်း၊ ကျော်နိုင်၊ ဇူလိုင် ၂၂၊ ၂၀၁၃
            ဇူလိုင်လ ၂၁၊ ညနေ ၃ နာရီက ၆ နာရီ၊ ဆန်ဖရန်ဘေးဧရိယာ၊ ဒေးလီးစီးတီး ဆရီမွန်တီရိပ်သာတွင် ၈၈ မျိုးဆက် ခေါင်းဆောင်၊ ကိုမင်းဇေယျ၊ ကိုပြုံးချို၊ ကိုအံ့ဘွယ်ကျော်တို့နှင့် မြန်မာတိုင်းရင်းသားမိသားစုများ တွေ့ဆုံပွဲကျင်းပခဲ့ရာ မြန်မာ့အရေးစိတ်ဝင်စားသူ ပရိသတ် ၅၀ ခန့်  တက်ရောက်ခဲ့ကြသည်။ San Francisco Bay Area Burmese Community Organizers & Friends က တွေ့ဆုံပွဲဖြစ်မြောက်ရေးအတွက် အစစစီစဉ်ခဲ့ပြီး တွေ့ဆုံပွဲရုပ်သံမှတ်တမ်းကိုလည်း ထုတ်ပြန်ပေးမည်ဟု သိရသည်။ 
            တွေ့ဆုံပွဲတွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များက ၈လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနားအစီအစဉ်များ၊ လက်ရှိ ဆောင်ရွက်နေမှုများ၊ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှု အတွေ့အကြုံများအကြောင်း ရှင်းလင်းပြောပြကြပြီး ပရိသတ်များ၏ မေးမြန်းမှုများကို ပြန်လှန်ဆွေးနွေးခဲ့ကြသည်။ လက်ရှိတွင် အခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်တွင်း လွှတ်တော်ပြင် ၀ိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသွားသည်။
            ၈လေးလုံး အရေးတော်ပုံ ၂၅ နှစ်ပြည့်အကြို လှုပ်ရှားမှုတခုအဖြစ် ဆန်ဖရန်ဘေးဧရိယာ မြန်မာ့အရေးလှုပ်ရှားသူများက ၈၈ အရေးတော်ပုံကာလမှ စတင်ပြီး လက်ရှိအချိန်အတွင်း နိုင်ငံရေးအကျဉ်းသားများ၊ အကျဉ်းသားဟောင်းများ၊ ကျဆုံးခဲ့သူများ လက်လှမ်းမီသလောက် ပြုစုပြီး အင်တာနက်စာမျက်နှာ ဒေတာဘေ့စ် ပြင်ဆင်ထားသည့် http://FreeBurma.info ၀က်ဆိုက် စီစဉ်ထားမှုကို ၈၈ မျိုးဆက် ခေါင်းဆောင်များအား မိတ်ဆက်တင်ပြခဲ့ကြသည်။ 
(ကျေးဇူးစကား – မုန့်ဟင်းခါးအလှူရှင် (ကိုမျိုးတင့်ဆွေမိသားစု)၊  ကောက်ညင်းပေါင်းအလှူရှင် (ကိုကျော်မင်းလေးမိသားစု)၊ အချို့မုန့်အလှူရှင်  (မြတ်မြတ်မိုးမိသားစု)၊ ညနေစာ (SFBC Organizers & Friends)၊ အခမ်းအနား  ပန်းအလှ (မနီနီသော်မိသားစု) နှင့် ပွဲဖြစ်မြောက်ရေး အထွေထွေနှင့်  လုပ်အားအလှူရှင်များကို ကျေးဇူးတင်ရှိပါကြောင်း)