>ကေဵာင်းသားသမဂ္ဂ အစဉ်အလာ အိပ်ဆောင်စာအုပ် ထကြ်

>

ကောင်းသား သမဂ္ဂ အစဉ်အလာ အိပ်ဆောင်စာအုပ် ဖြန့်ချိ

မိုးမခ အထောက်တော် ၀၀၃
ဧပြီ ၂၂၊ ၂၀၀၈

“ဗကသ၊ တကသ၊ ကျောင်းသားသမဂ္ဂများ၊ စိတ်ဓာတ်၊ အစဉ်အလာနဲ့ ယနေ့ကျောင်းသားထု အမျိုးသားနိုင်ငံရေး” ခေါင်းစဉ်နဲ့ မြေအောက်စာစောင်တခု အိပ်ဆောင်ဆိုက်ငယ်နဲ့ ပြည်တွင်းမှာ ဖြန့်ချိတာကို တွေ့ရပါတယ်။ မြန်မာပြည် အမျိုးသားရေး လှုပ်ရှားမှုများမှာ ကျောင်းသားသမဂ္ဂအခမ်းကဏ္ဍနဲ့ အရေးပါပုံတို့ကို ကောက်နုတ်ဖော်ပြထားတာကို တွေ့ရပါတယ်။

ကျောင်းသားအရေးအခင်းများကို စဉ်ပြီး ဖော်ပြထားရာမှာ ၁၉၉၈၊ ၉၉ ပြည်သူ့လွှတ်တော်ခေါ်ယူရေး ကျောင်းသားလှုပ်ရှားမှုအထိဆိုပြီး ခေါင်းစဉ်ထုတ် တင်ပြထားတာကို တွေ့ရပါတယ်။ ယခုလက်ရှိ ရွှေဝါရောင်တော်လှန်ရေးရဲ့ အရှိန်အဟုန်ကို အားပြုပြီး အာဏာရှင်စနစ် ဖြုတ်ချနိုင်ဖို့အတွက် ပြည်သူများ၊ ၉၀ အနိုင်ရပါတီ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပေါင်းစပ်ပြီး ၀ိုင်းဝန်း ဆောင်ရွက်ကြဖို့ ကျောင်းသားလူငယ်တွေကို နိုးဆော်ထားတဲ့ စာတမ်းဖြစ်တာကို တွေ့ရပါတယ်။

ကျောင်းသားသမဂ္ဂတွေ မှိုလို ပေါက်လာကြအောင် ဖွဲ့စည်းကြရလိမ့်မယ်လို့လည်း စာအုပ်က ဆိုထားပါတယ်။ ယခုလက်ရှိ နိုင်ငံရေးလှုပ်ရှားမှုများမှာ ဒေါ်အောင်ဆန်းစုကြည်၊ ၉၀ အနိုင်ရပါတီက ဗဟိုနဲ့ ပြန်ကြားရေးအဖွဲ့၊ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ၊ အဲန်အယ်ဒီ လူငယ်အစုအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ၀ါရင့် နိုင်ငံရေးသမားကြီးများ၊ တိုင်းရင်းသားပါတီ အစုအဖွဲ့များ၊ သံဃာတပ်ပေါင်းစု၊ တသီးပုဂ္ဂလ အမျိုးသားရေးဆောင်ရွက်သူ အနုပညာရှင်၊ လူမှုရေးသမား၊ စာနယ်ဇင်းပညာရှင်များ၊ နှင့် သီးခြားလူငယ်အစုအဖွဲ့များ ဆိုပြီးရှိနေရာက ယခု ကျောင်းသားသမဂ္ဂ အစုအဖွဲ့တွေကိုပါ တွေ့လာရတော့မယ့် သဘောပဲလို့ ပြည်တွင်းက ပေးစာမှာ သုံးသပ်ပြထားပါတယ်။

စာစောင်ကို ဒီမှာ ကူးယူ ဖတ်ကြည့်နိုင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts