ငယ္စဥ္က သင္ခဲ့ဖူးတဲ့ သခ်ာၤဘာသာရပ္မွာပါတဲ့ စကားလုံးလေးပါ။ တကယ်ရှိတယ်ထင်ရတဲ့ ဒြပ်မဲ့ ပစ္စည်း ကို ခေါ်ပါသတဲ့။
မောင်လူပေ ရွေပြည်ကြီးကို အပြန်မှာ တွေ့ ခဲ့ရတဲ့ အရာတွေကို ပုံရိပ်ယောင်များလို့  ခေါ်ရင် ရနိုင်မယ်ထင်ပါရဲ့ ။ ခေတ်မှီဖွံ့ ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြိးဆီသို့  ဆိုတဲ့ လေဆိပ်အဝင်နားက ဆိုင်းဘုတ်ကြီးတောင် အတော်ဟောင်းစပြုနေပါပြီ။ ချိုင့်ခွက်များနဲ့ အလှဆင်ထားတဲ့ လမ်းမများပေါ်မှာ ပြည့်ကျပ်နေတဲ့ကားများနဲ့  ထိုကားများကြားမှာ အသက်လုပြီး လမ်းဖြတ်ကူးနေကြတဲ့ မြို့ တော်သားများက ရွှေပြည်ကြီးရဲ့ နောက်ဆုံးပေါ် အလှတရားတခုပါ။ စည်းကမ်းမဲ့မှုက ရိုးရာတခုလို ဖြစ်နေပါပြီ။ အမှိုက် မပုံရ ဆိုတဲ့ ဆိုင်းဘုတ်အောက်မှာအမှိုက်ပုံ
အရင်အတိုင်း မပြောင်းလည်းသေးတဲ့  ခရိုနီစီးပွားရေးလုပ်ငန်းတွေ
ရွှေပြည်ကြီးမှာ နောက်တခု သတိထားမိတဲ့အရာက မိုးထိအောင်လှေကားထောင်နေတဲ့ မြေဈေးတွေပါ။ တနှစ်အတွင်း ဆယ်ဆတက်တယ်ဆိုတဲ့ နေရာတွေဟာ ရေတွေဝတ်ပြီး အမှိုက်တွေမျောနေတဲ့ အသိမ်းခံ လယ်မြေတွေဖြစ်နေပါတယ်။ မြို့ ပြင်က ဒီလို နေရာမှာ ပေတရာပတ်လည် မြေတကွက်ရဲ့ တန်ဖိုးဟာ သိန်းထောင်ချီနေတာပါ။ မြေသိမ်းခံလယ်သမားများကတော့ ရော်ကြေး ဆိုတာလေးရရေး အတွက် ဆန္ဒပြရင်း ပုဒ်မ ၁၈ ဆိုတဲ့ ခေတ်ပေါ်ပုဒ်မနဲ့  အချုပ်ထဲအလည်သွားနေကြပါတယ်။ မြို့ အတွင်းပိုင်းတွေကတော့ သိန်းသောင်းချီနေတာကြာလှပေါ့တဲ့
ကြိုက်ရောင်းကြိုက်ဝယ် မြေဈေးကွက်မှာ အလိုက်သင့်မျောပါရင်း နေ့ ချင်းညချင်း ချမ်းသာလာတဲ့ခါတော်မှီ သူဌေးတွေလည်း အများကြီး တွေ့ ခဲ့ပါတယ်။ သူတို့ တွေက ကိုယ်တွေကို သနားလို့ ပြောရှာပါတယ်။ မင်းတို့ ဟိုကကောင်တွေ ဘယ်လိုလိုက်လိုက် တို့ တွေကို မမှီတော့ဘူးတဲ့။ နိုင်ငံရပ်ခြားမှာနေရင်း ရိုးသားစွာ ဝန်ထမ်းလုပ်နေတဲ့ မောင်လူပေလည်း ခုမှပဲ ကိုယ့်ကိုကိုယ် တော်တော်မွဲနေမှန်း ရိပ်မိပါတော့တယ်။
ရှိရှိသမျှ နိုင်ငံမှာလည်ပတ်နေတဲ့ ငွေကြေးတွေရဲ့ အများစုဟာ ဒီလိုမြေကွက်တွေအထဲ မှာမြုတ်ေ
ဆယ်စုနှစ် နှစ်ခုကျော် အမေ့ခံ အာဇာနည်နေ့ မှာ ကြားခဲ့ရတဲ့ စစ်ခရာသံကလည်း မောင်လူပေအတွက် အထူးအဆန်းတခုပါ။ ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေနဲ့  ဝမ်းနည်းစရာ ဥသြောဆွဲသံ အစား စစ်ခရာသံကြားလိုက်ရတာမို့  စိတ်တွေကြွပြီး စစ်ချီတေးတွေ ဆိုရတော့မှာလားလို့ တောင် ထင်မှတ်မှားမိပါတယ်။ အသံလွှင့်ဌာနများကလည်း ဗိုလ်ချုပ်မိန့် ခွန်းကို လိုသလို ဖြတ်ညှပ်ကပ်လုပ်ပြီး လွှင့်နေဆဲပါပဲ။
ရုပ်ဝတ္ထုပစ္စည်း တိုးတက်မှုတွေနောက်လိုက်ရင်း ပျက်စီးခြင်းငါးပါးနဲ့  ပျက်စီးနေကြတဲ့ ရွှေနိုင်ငံတော်သားများရဲ့  စိတ်ဓါတ်တွေကိုကြည့်ပြီး ရောင်းရင်းတဦးက “ဒီတိုင်းပြည်မှာ ပြည်သူ့ နီတိဆိုတာ မရှိတော့ဘူး။စာအုပ်ပါပျောက်ဆုံး
ရွှေပြည်ကြီးကအပြန်မှာ မောင်လူပေ ဆုတောင်းမိတာလေးတခု ရှိပါတယ်။ “ပုံရိပ်ယောင်များနဲ့  အသားကျနေတဲ့ ရွှေနိုင်ငံသားတွေ ပုံရိပ်စစ်တွေကို မကြာခင် တွေ့ မြင်နိုင်ကြပါစေ။ “