သစ်ကောင်းအိမ်

Thit Kaung Eain – Poem

ဝစ်လစ်စလစ် အသဲကွဲခန်း
သစ်ကောင်းအိမ်
သြဂုတ် ၁၃၊ ၂၀၁၃
ငါချစ်ခင်တဲ့ သွေးကြောတွေ
တချောင်းပြီး တချောင်း
တထောင်းထောင်းပြတ်ထွက်ကုန်တဲ့အခါ
ငါဟာ ဝစ်လစ်စလစ်ဂစ်တာ
ငါယုံကြည်တဲ့ ဆားပွင့်တွေ
တပွင့်ပြီးတပွင့်
တလွင့်လွင့်အငွေ့ပျံ
ဆားငန်နှုန်းတွေ ပျောက်ဆုံးသွားတဲ့အခါ
ငါဟာ ဝစ်လစ်စလစ်ပင်လယ်
ငါမျှော်ကိုးခဲ့တဲ့ အချက်ပြမီးခိုးတွေ
အညွှန့်ချိုးခံရ
ပြာပုံအောက်
တရှဲရှဲတိုးဝင်ပျောက်ကွယ်သွားတဲ့အခါ
ငါဟာ ဝစ်လစ်စလစ်မီးတောက်
သတိမေ့လွင့်မျောသွားတဲ့ဝိညာဉ်
အိမ်ပြန်အလာ
ကိုယ့်ခန္ဓာကိုယ်ထဲ ကိုယ်ပြန်ဝင်မရဖြစ်နေသလိုမျိုး
ကဗျာထဲ ငါပြန်ဝင်မရဖြစ်နေပုံက ….
ပန်းချီသည် Francis Cheong ၏ Abstract 6 ဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts