သတင္းပေဒသာ

ခင္ႏွင္းေဝ ● ေက်ာက္ဆည္ၿမိဳ႕ ေတာင္သူတို႔ အစိုးရကို ေျမျပန္ေတာင္း

ခင္ႏွင္းေဝ ● ေက်ာက္ဆည္ၿမိဳ႕ ေတာင္သူတို႔ အစိုးရကို ေျမျပန္ေတာင္း
(မိုးမခ) ဧၿပီ ၆၊ ၂၀၁၉

၂၀၁၉ ဧၿပီ ၆ ရက္ေန႔က မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ဆည္ၿမိဳ႕နယ္၊  ဆူးေလကုန္းအုပ္စုမွ ေတာင္သူ အမ်ားအျပားက သိမ္းဆည္းေျမ ျပန္ေပးရန္ အစိုးရကို ေတာင္းဆိုၾကသည္ (ဓာတ္ပုံမ်ား – ခင္ႏွင္းေဝ/Myanmar Now)

ႏွစ္ေပါင္းႏွစ္ဆယ္ေက်ာ္ၾကာ သိမ္းဆည္းခံထားရေသာ လယ္ယာေျမမ်ားျပန္လည္ရရွိေစရန္ မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ဆည္ၿမိဳ႕နယ္၊  ဆူးေလကုန္းအုပ္စုမွ  ယေန႔ ဧၿပီ ၆ ရက္ေန႔တြင္ ေတာင္သူမ်ားက ထြန္တုံးတိုက္ပြဲ ဆင္ႏႊဲၾကသည္ကို ေတြ႕ရသည္။
“မိသားစုစားဝတ္ေနေရး အခက္အခဲေတြျဖစ္လို႔။ ဌာနဆိုင္ရာေတြ အမ်ိဳးမ်ိဳးတင္ျပေပမယ့္ အေရးယူေဆာင္႐ြက္မေပးလို႔ ခုလို ထြန္တုံးတိုက္ပြဲဆင္ႏႊဲရတာပါ” ဟု ေျမသိမ္းခံေတာင္ရသူ တစ္ဦးျဖစ္သည့္ ကိုေအးေက်ာ္က ေျပာသည္။
ေတာင္သူ ၂၄ ဦး  သိမ္းဆည္းခံရသည့္ေျမ ၂၂၂ ဧက ရွိေၾကာင္း၊ သိမ္းသူတို႔မွာ ဌာနဆိုင္ရာမ်ား ျဖစ္ၿပီး သီးစားအငွားခ် စိုက္ပ်ိဳးထားၾကေၾကာင္း ၎က ဆက္ေျပာသည္။
“စီမံကိန္းစားက်က္ေျမဆိုၿပီး သိမ္းဆည္းခဲ့ၿပီး စီမံကိန္း အေကာင္အထည္ မေဖာ္ခဲ့ဘဲ သူတို႔ အသီးသီး ခြဲေဝယူၿပီး စီးပြားေရးလုပ္ငန္းရွင္တို႔ကို အငွားခ်ထားတာ ႏွစ္ေပါင္း ၂၀ ေက်ာ္ၿပီ။ ၂၀၁၂ မွာ ဌာနဆိုင္ရာအသီးသီးကို တိုင္ခဲ့ေပမယ့္ ဘာမွ လုပ္မေပးခဲ့ဘူး” ဟု ၎က ဆိုသည္။
ေျမ ၁၂ ဧက သိမ္းခံရသူ ေတာင္သူအမ်ိဳးသမီးတစ္ဦးမွာ ေဒၚတုတ္ ျဖစ္သည္။
“ဘိုးဘြားပိုင္ေျမေတြပါ၊ အေထာက္အထားေတြ အကုန္ရွိပါတယ္၊ သိမ္းဆည္းခံရကတည္းက သားသမီးေတြလည္း အျခား အငွား ထြက္လုပ္ေနရပါတယ္” ဟု ေဒၚတုတ္က ေျပာသည္။


ကျောက်ဆည်မြို့ တောင်သူတို့ အစိုးရကို မြေပြန်တောင်း

 

ဘိုးဘွားပိုင်မြေဧက ၂ဝဝ ကျော် အသိမ်းခံထားရသည်မှာ နှစ် ၂ဝ ရှိပြီဟု
ကျောက်ဆည်မြို့ တောင်သူများက ဆိုသည်

 

၂၀၁၉ ဧပြီ ၆ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊  ဆူးလေကုန်းအုပ်စုမှ တောင်သူ အများအပြားက သိမ်းဆည်းမြေ
ပြန်ပေးရန် အစိုးရကို တောင်းဆိုကြသည် (ဓာတ်ပုံများ – ခင်နှင်းဝေ/
Myanmar Now)
ခင်နှင်းဝေ

နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ သိမ်းဆည်းခံထားရသော လယ်ယာမြေများပြန်လည်ရရှိစေရန်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊  ဆူးလေကုန်းအုပ်စုမှ  ယနေ့ ဧပြီ ၆ ရက်နေ့တွင် တောင်သူများက ထွန်တုံးတိုက်ပွဲ
ဆင်နွှဲကြသည်ကို တွေ့ရသည်။

မိသားစုစားဝတ်နေရေး
အခက်အခဲတွေဖြစ်လို့။ ဌာနဆိုင်ရာတွေ အမျိုးမျိုးတင်ပြပေမယ့် အရေးယူဆောင်ရွက်မပေးလို့
ခုလို ထွန်တုံးတိုက်ပွဲဆင်နွှဲရတာပါ

ဟု မြေသိမ်းခံတောင်ရသူ တစ်ဦးဖြစ်သည့် ကိုအေးကျော်က ပြောသည်။

တောင်သူ ၂၄ ဦး  သိမ်းဆည်းခံရသည့်မြေ
၂၂၂ ဧက ရှိကြောင်း၊ သိမ်းသူတို့မှာ ဌာနဆိုင်ရာများ ဖြစ်ပြီး သီးစားအငှားချ စိုက်ပျိုးထားကြကြောင်း
၎င်းက ဆက်ပြောသည်။

စီမံကိန်းစားကျက်မြေဆိုပြီး
သိမ်းဆည်းခဲ့ပြီး စီမံကိန်း အကောင်အထည် မဖော်ခဲ့ဘဲ သူတို့ အသီးသီး ခွဲဝေယူပြီး စီးပွားရေးလုပ်ငန်းရှင်တို့ကို
အငှားချထားတာ နှစ်ပေါင်း ၂၀ ကျော်ပြီ။ ၂၀၁၂ မှာ ဌာနဆိုင်ရာအသီးသီးကို တိုင်ခဲ့ပေမယ့်
ဘာမှ လုပ်မပေးခဲ့ဘူး
ဟု ၎င်းက ဆိုသည်။
မြေ ၁၂ ဧက သိမ်းခံရသူ တောင်သူအမျိုးသမီးတစ်ဦးမှာ ဒေါ်တုတ်
ဖြစ်သည်။
ဘိုးဘွားပိုင်မြေတွေပါ၊
အထောက်အထားတွေ အကုန်ရှိပါတယ်၊ သိမ်းဆည်းခံရကတည်းက သားသမီးတွေလည်း အခြား အငှား ထွက်လုပ်နေရပါတယ်
ဟု ဒေါ်တုတ်က ပြောသည်။

 


သင့္အေၾကာင္း သင့္လုုပ္ငနး္ ေၾကာ္ျငာ သည္ေနရာမွာ ေၾကာ္ျငာႏိုုင္ပါျပီ

Similar Posts