သတင္းပေဒသာ

ၿဖိဳးသီဟခ်ဳိ (Myanmar Now) ● အဆိပ္သင့္ၿမိဳ႕ကို ကယ္တင္ရန္ ရွမ္းျပည္နယ္ေဒသခံတို႔ ေတာင္းဆို

ၿဖိဳးသီဟခ်ဳိ (Myanmar Now) ● အဆိပ္သင့္ၿမိဳ႕ကို ကယ္တင္ရန္ ရွမ္းျပည္နယ္ေဒသခံတို႔ ေတာင္းဆို
(မိုးမခ) ဧၿပီ ၆၊ ၂၀၁၉

ရွမ္းျပည္နယ္တီက်စ္ေဒသသည္ ေက်ာက္မီးေသြး ဆိုင္ရာ စြန႔္ပစ္ပစၥည္းတို႔ေၾကာင့္ အဆိပ္သင့္ေနေၾကာင္း၊ ေက်ာက္မီးေသြးႏွင့္ သက္ဆိုင္သည့္ လုပ္ငန္း စီမံကိန္းမ်ား ရပ္ဆိုင္း ပိတ္သိမ္းရန္ လိုအပ္ေၾကာင္း ေဒသခံတို႔က ဧၿပီ ၆ ရက္ေန႔တြင္ ေျပာသည္ (ဓာတ္ပုံမ်ား – ၿဖိဳးသီဟခ်ိဳ/Myanmar Now)

ရွမ္းျပည္နယ္ ေတာင္ပိုင္း ပအိုဝ့္ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသ တီက်စ္ၿမိဳ႕သည္ ေက်ာက္မီးေသြးသုံး လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံ၊ ေက်ာက္မီးေသြး တူးေဖာ္ေရး လုပ္ငန္းတို႔၏ စြန႔္ပစ္ ပစၥည္းမ်ားေၾကာင့္ အဆိပ္သင့္ေနသျဖင့္ ထိုလုပ္ငန္းမ်ား ပိတ္သိမ္းရန္ ရာႏွင့္ခ်ီသည့္ ၿမိဳ႕ခံတို႔က ယေန႔ ဆႏၵျပေတာင္းဆိုလိုက္သည္။
သဘာဝပတ္ဝန္းက်င္ႏွင့္ လူမႈဘဝမ်ားကို ထိုလုပ္ငန္းမ်ားက ထိခိုက္ေစသည္ဟု ၎တို႔က ဆိုသည္။
တီက်စ္ ဓာတ္အားေပး စက္႐ုံကို ယခုလ အတြင္း သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုမည္ဟု သိရေၾကာင္း၊ သက္တမ္းမတိုးေစရန္ အစိုးရကို ဖိအားေပးျခင္း ျဖစ္ေၾကာင္း ဆႏၵျပပြဲ ဦးေဆာင္သူ တစ္ဦးျဖစ္သူ စိုင္းသန္းဝင္းက ေျပာသည္။
စက္႐ုံေၾကာင့္ ေဒသခံတို႔ က်န္းမာေရး၊ လူမႈေရး ဆုံး႐ူံးမႈ အေထာက္အထား ျပသႏိုင္ပါက စက္႐ုံမ်ား ဖ်က္သိမ္းေပးမည္ဟု အစိုးရက ကတိေပးခဲ့သည္ဟု ၎က ဆိုသည္။
“ဒီေန႔ဒီအခ်ိန္မွာ ေဒသခံေတြရဲ႕ ပ်က္စီး ဆုံးရႈံးမႈေတြအတြက္ တိက်တဲ့ သက္ေသ အေထာက္အထားေတြ ကြၽန္ေတာ္တို႔မွာ ရွိေနပါၿပီ” ဟု ၎က Myanmar Now ကို ေျပာသည္။
အမွတ္(၂)လွ်ပ္စစ္ စြမ္းအင္း႒ာန လက္ေအာက္ရွိ တီက်စ္ ေက်ာက္မီးေသြးသုံး လွ်ပ္စစ္ဓာတ္အားေပး စက္႐ုံကို  ၂၀၁၅ ခုႏွစ္တြင္ တ႐ုတ္ႏိုင္ငံမွ ဝူရွီးကြာဟမ္း ကုမၸဏီက လုပ္ပိုင္ခြင့္ ရခဲ့သည္။
ယင္းကာလ မတိုင္မီ အစိုးရက ထိုစက္႐ုံကို ၁ဝ ႏွစ္ၾကာ လည္ပတ္ခဲ့သည္ဟု လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးက  ၂၀၁၆ စက္တင္ဘာလ  အမ်ိဳးသားလႊတ္ေတာ္အစည္းအေဝးတစ္ခုတြင္ ေျပာသည္။
ယေန႔ဆႏၵျပသူတို႔က အဆိပ္သင့္ စက္႐ုံ ရပ္တန႔္ေရး၊ ဝူရွီးကြာဟမ္း ကုမၸဏီ အလိုမရွိ၊ ဧဒင္ ေက်ာက္မီးေသြးမိုင္း ပိတ္သိမ္းေရး စသည့္ ေႂကြးေၾကာ္သံမ်ား ေအာ္ဟစ္ခဲ့ၾကသည္။ နံနက္ ၉ နာရီက စတင္ၿပီး တီက်စ္-ပင္ေလာင္း လမ္းမႀကီး အတိုင္း လမ္းေလွ်ာက္ကာ ဧဒင္ ေက်ာက္မီးေသြးတူးေဖာ္ေရး လုပ္ငန္း၊ တီက်စ္ လွ်ပ္စစ္ ဓာတ္အားေပး စက္႐ုံမ်ားအထိ ခ်ီတက္ၿပီး ဆႏၵျပၾကသည္ကို ေတြ႕ရသည္။
အဆိပ္သင့္ ေသာက္သုံးေရ
သန႔္ရွင္းေသာ ေရအတြက္ လႈပ္ရွားမႈ – Waterkeeper Alliance ဟု အမည္ ေပးထားသည့္  ျပည္ပ အေျခစိုက္ အဖြဲ႕အစည္းက ၂၀၁၈ ခုႏွစ္ ႏွစ္ကုန္ပိုင္းတြင္ တီက်စ္ေဒသမွ ေရနမူနာ ၁၃ ခုကို ဓာတ္ခြဲ စစ္ေဆးရာ ၁၂ ခုသည္ ကမာၻ႔က်န္းမာေရးအဖြဲ႕၏ ေသာက္သုံးေရအဆင့္ သတ္မွတ္ခ်က္ထက္ မ်ားစြာ ေက်ာ္လြင္ေနေၾကာင္း ထုတ္ျပန္ထားသည္။
ၿမိဳ႕ခံတို႔ေသာက္သုံးေရအျဖစ္ အသုံးျပဳသည့္ တီက်စ္ေရေလွာင္တမံ၏ ေရနမူနာကို ဓာတ္ခြဲစစ္ေဆးရာတြင္ ကက္ဒမီယံ၊ ခဲ၊ ဆလမ္နီယံ သတၳဳဓာတ္မ်ား ပါဝင္ႏႈန္း ျမင့္မားေနသည့္ အခ်က္မွာ စိုးရိမ္ဖြယ္ရာ အခ်က္ျဖစ္သည္ဟု အစီရင္ခံစာ ထုတ္ျပန္သူ ေပါလ္ဝင္းက သုံးသပ္ထားသည္။
ထိုသတၳဳဓာတ္ ပါဝင္ႏႈန္းျမင့္မားေနျခင္းေၾကာင့္ ေဒသခံတို႔ ကင္ဆာ၊ သားပ်က္ သားေလွ်ာ၊ ေက်ာက္ကပ္ႏွင့္ အသည္း ထိခိုက္ျခင္း၊ ႏွလုံးေသြးေၾကာက်ဥ္းျခင္းတို႔  ျဖစ္ပြားႏိုင္သည္ဟု အစီရင္ခံစာက သုံးသပ္သည္။
ဆႏၵျပပြဲကို လာေရာက္ အားေပးသည့္ တီက်စ္ၿမိဳ႕တြင္ေနထိုင္သူ ကိုသားငယ္က လြန္ခဲ့သည့္ ၁၀ႏွစ္ခန႔္က ၎၏ ဇနီး ကေလးပ်က္က်ခဲ့ၿပီး ယေန႔ အခ်ိန္ထိ ကေလးမရရွိႏိုင္ေတာ့ေၾကာင္း ေျပာသည္။
ဆႏၵျပ ေတာင္းဆိုသူမ်ားထဲတြင္ တစ္ဖြဲ႕ အပါအဝင္ျဖစ္သည့္ ပအိုဝ့္ လူငယ္အစည္းအ႐ုံးမွ တာဝန္ခံတစ္ဦးျဖစ္သူ နန္းပိုက ဓာတ္အားေပးစက္႐ုံ၊ ေက်ာက္မီးေသြးတြင္းတို႔မွ ထြက္ရွိသည့္ စြန႔္ပစၥည္းမ်ား၏ အႏၲရာယ္မွာ  ပအိုဝ္း တိုင္းရင္းသားတို႔၏ မ်ိဳးဆက္ပြားေရး ျပႆနာ ျဖစ္ေနၿပီဟု ဆိုသည္။
“ပအိုဝ္းအမ်ိဳးသမီးေတြအတြက္တင္သာ မကဘူး၊ တီက်စ္ေဒသမွ ေနထိုင္ၾကတဲ့ ရွမ္းတို႔၊ ဓႏုတို႔၊ ေတာင္႐ိုးတို႔ စတဲ့ အမ်ိဳးသမီးေတြ အားလုံးအတြက္ စိုးရိမ္မိပါတယ္။ သူတို႔ အတြက္ မ်ိဳးဆက္သစ္ေတြ အတြက္ မ်ိဳးသုဥ္းသြားမွာကို စိုးရိမ္ပါတယ္” ဟု ၎က ေျပာသည္။

အဆိပ်သင့်မြို့ကို ကယ်တင်ရန် ရှမ်းပြည်နယ်ဒေသခံတို့
တောင်းဆို
 

ရှမ်းပြည်နယ် တီကျစ်မြို့ ကျောက်မီးသွေးအဆိပ်သင့်နေသည်ကို
သက်သေပြနိုင်ပြီဟု ဒေသခံ တက်ကြွလှုပ်ရှားသူတို့က ပြောသည်
ဖြိုးသီဟချိ/Myanmar Now

ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ့် ကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရဒေသ တီကျစ်မြို့သည် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊
ကျောက်မီးသွေး တူးဖော်ရေး လုပ်ငန်းတို့၏ စွန့်ပစ် ပစ္စည်းများကြောင့် အဆိပ်သင့်နေသဖြင့်
ထိုလုပ်ငန်းများ ပိတ်သိမ်းရန် ရာနှင့်ချီသည့် မြို့ခံတို့က ယနေ့
ဆန္ဒပြတောင်းဆိုလိုက်သည်။

သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝများကို ထိုလုပ်ငန်းများက
ထိခိုက်စေသည်ဟု ၎င်းတို့က ဆိုသည်။

တီကျစ် ဓာတ်အားပေး စက်ရုံကို ယခုလ အတွင်း
သက်တမ်းတိုးစာချုပ် ချုပ်ဆိုမည်ဟု သိရကြောင်း၊ သက်တမ်းမတိုးစေရန် အစိုးရကို
ဖိအားပေးခြင်း ဖြစ်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ တစ်ဦးဖြစ်သူ စိုင်းသန်းဝင်းက
ပြောသည်။
စက်ရုံကြောင့် ဒေသခံတို့ ကျန်းမာရေး၊ လူမှုရေး ဆုံးရူံးမှု
အထောက်အထား ပြသနိုင်ပါက စက်ရုံများ ဖျက်သိမ်းပေးမည်ဟု အစိုးရက ကတိပေးခဲ့သည်ဟု
၎င်းက ဆိုသည်။

ဒီနေ့ဒီအချိန်မှာ ဒေသခံတွေရဲ့ ပျက်စီး ဆုံး
ရှုံးမှုတွေအတွက်
တိကျတဲ့ သက်သေ အထောက်အထားတွေ ကျွန်တော်တို့မှာ ရှိနေပါပြီ
ဟု
၎င်းက
Myanmar Now ကို ပြောသည်။

အမှတ်(၂)လျှပ်စစ် စွမ်းအင်းဋ္ဌာန လက်အောက်ရှိ တီကျစ်
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို
၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံမှ ဝူရှီးကွာဟမ်း ကုမ္ပဏီက လုပ်ပိုင်ခွင့်
ရခဲ့သည်။

ယင်းကာလ မတိုင်မီ အစိုးရက ထိုစက်ရုံကို ၁ဝ နှစ်ကြာ
လည်ပတ်ခဲ့သည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးက
၂၀၁၆
စက်တင်ဘာလ
အမျိုးသားလွှတ်တော်အစည်းအဝေးတစ်ခု
တွင် ပြောသည်။

ယနေ့ဆန္ဒပြသူတို့က အဆိပ်သင့် စက်ရုံ ရပ်တန့်ရေး၊
ဝူရှီးကွာဟမ်း ကုမ္ပဏီ အလိုမရှိ၊ ဧဒင် ကျောက်မီးသွေးမိုင်း ပိတ်သိမ်းရေး စသည့်
ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြသည်။ နံနက် ၉ နာရီက စတင်ပြီး တီကျစ်-ပင်လောင်း
လမ်းမကြီး အတိုင်း လမ်းလျှောက်ကာ ဧဒင် ကျောက်မီးသွေးတူးဖော်ရေး လုပ်ငန်း၊ တီကျစ်
လျှပ်စစ် ဓာတ်အားပေး စက်ရုံများအထိ ချီတက်ပြီး ဆန္ဒပြကြသည်ကို တွေ့ရသည်။

အဆိပ်သင့် သောက်သုံးရေ

သန့်ရှင်းသော ရေအတွက် လှုပ်ရှားမှု –
Waterkeeper
Alliance ဟု အမည် ပေးထားသည့်
ပြည်ပ အခြေစိုက် အဖွဲ့အစည်းက ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် တီကျစ်ဒေသမှ
ရေနမူနာ ၁၃ ခုကို ဓာတ်ခွဲ စစ်ဆေးရာ ၁၂ ခုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏
သောက်သုံးရေအဆင့် သတ်မှတ်ချက်ထက် များစွာ ကျော်လွင်နေကြောင်း ထုတ်ပြန်ထားသည်။

မြို့ခံတို့သောက်သုံးရေအဖြစ် အသုံးပြုသည့်
တီကျစ်ရေလှောင်တမံ၏ ရေနမူနာကို ဓာတ်ခွဲစစ်ဆေးရာတွင် ကက်ဒမီယံ၊ ခဲ၊ ဆလမ်နီယံ
သတ္ထုဓာတ်များ ပါဝင်နှုန်း မြင့်မားနေသည့် အချက်မှာ စိုးရိမ်ဖွယ်ရာ အချက်ဖြစ်သည်ဟု
အစီရင်ခံစာ ထုတ်ပြန်သူ ပေါလ်ဝင်းက သုံးသပ်ထားသည်။

ထိုသတ္ထုဓာတ် ပါဝင်နှုန်းမြင့်မားနေခြင်းကြောင့် ဒေသခံတို့
ကင်ဆာ၊ သားပျက် သားလျှော၊ ကျောက်ကပ်နှင့် အသည်း ထိခိုက်ခြင်း၊
နှလုံးသွေးကြောကျဉ်းခြင်းတို့
ဖြစ်ပွားနိုင်သည်ဟု အစီရင်ခံစာက သုံးသပ်သည်။

ဆန္ဒပြပွဲကို လာရောက် အားပေးသည့် တီကျစ်မြို့တွင်နေထိုင်သူ
ကိုသားငယ်က လွန်ခဲ့သည့် ၁၀နှစ်ခန့်က ၎င်း၏ ဇနီး ကလေးပျက်ကျခဲ့ပြီး ယနေ့ အချိန်ထိ
ကလေးမရရှိနိုင်တော့ကြောင်း ပြောသည်။
ဆန္ဒပြ တောင်းဆိုသူများထဲတွင် တစ်ဖွဲ့ အပါအဝင်ဖြစ်သည့်
ပအိုဝ့် လူငယ်အစည်းအရုံးမှ တာဝန်ခံတစ်ဦးဖြစ်သူ နန်းပိုက ဓာတ်အားပေးစက်ရုံ၊
ကျောက်မီးသွေးတွင်းတို့မှ ထွက်ရှိသည့် စွန့်ပစ္စည်းများ၏ အန္တရာယ်မှာ  ပအိုဝ်း တိုင်းရင်းသားတို့၏ မျိုးဆက်ပွားရေး ပြဿနာ
ဖြစ်နေပြီဟု ဆိုသည်။

 


ပအိုဝ်းအမျိုးသမီးတွေအတွက်တင်သာ မကဘူး၊ တီကျစ်ဒေသမှ
နေထိုင်ကြတဲ့ ရှမ်းတို့၊ ဓနုတို့၊ တောင်ရိုးတို့ စတဲ့ အမျိုးသမီးတွေ အားလုံးအတွက်
စိုးရိမ်မိပါတယ်။ သူတို့ အတွက် မျိုးဆက်သစ်တွေ အတွက် မျိုးသုဉ်းသွားမှာကို
စိုးရိမ်ပါတယ်
ဟု ၎င်းက ပြောသည်။

 


သင့္အေၾကာင္း သင့္လုုပ္ငနး္ ေၾကာ္ျငာ သည္ေနရာမွာ ေၾကာ္ျငာႏိုုင္ပါျပီ

Similar Posts