ကဗျာ

ရိုးဖွဲ့အိမ် ● ရေသေနတ်ထဲမှာ အံသွားပုံ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ရိုးဖွဲ့အိမ် ● ရေသေနတ်ထဲမှာ အံသွားပုံ
(မိုးမခ) ဧပြီ ၆၊ ၂၀၁၉

ကျောက်စရစ်ခဲတလုံးစီကောက်ပြီး ရေထဲပစ်ချနေကြတာ လှတယ်
လမ်းမပေါ်ရှိသမျှခဲတွေ လမ်းဘေးကန်ချလိုက်တယ်
သစ်ရိပ်ဝါးရိပ်အမည်ရတဲ့ပန်းချီကားထဲမှာ
ရယ်သံတွေ ခြောက်ကပ်ကပ်ပွင့်ကျလာတာ လှတယ်
မနေ့ကအထိ ညဘက်ရောက်ရင် ကြယ်ကြည့်ဖြစ်တယ်
အနီ အစိမ်း အဝါ အဖြူ  အမည်း အကုန် အလွတ်ရတဲ့အရောင်တွေ
မျက်စိမှိတ်ပြီး ဝါးနေလိုက်တယ်
အအ ဤဤ ဥဥ ဧဧဲ အံအား
သဏ္ဌာန်ပြစကားများ မီးခိုးတအူအူ
တစ္ဆေတကယ်ရှိလား မသေချာဘူး
သူတို့ကတော့ တကယ်ရှိတယ်
သူတို့ဆိုတာ ဟိုအုပ်စုလေ
ဆိုတဲ့နေ့က စိုစို (ဆိုလက်စကို ဆက်ဆို)
ဆိုကြပါစို့ အပျိုတယောက်လမ်းလျှောက်လာရင်း ခလုတ်တိုက်လဲကျသွားသလို
အစီအစဉ်မရှိကျကွဲတဲ့
ဧည့်ခန်းမှာလည်း အလှဓာတ်နဲ့ ရနံ့နဲ့
ရယ်ရတဲ့ပြက်လုံးဆိုတာ လက်ခါပြလည်း လှ
တက်တာပြလည်း လှ
တအားကို လွှတ်လှ
ပိတောက်ထဲ ရေခဲရေသိပ်ထည့်
အခါးရည်တွေ အာရုံကြောထဲမောင်းထည့်
ရယ်ဒီမိတ် မုန့်လုံးရေပေါ်တွေ သွပ်ထည့်
ရေထဲကနေ ကူးလာခဲ့လည်း ဒီပုံ
လေထဲကနေ တဆင့်လာခဲ့ရလည်း ဒီပုံ
တသံသရာလုံး ကျိတ်ထားရတဲ့
သိကြားမင်းရဲ့ အံသွားပုံ။

ရိုးဖွဲ့အိမ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts