ရသဆောင်းပါးစုံ

ဗုဒ္ဓဘာသာဟာ မြန်မာနိုင်ငံသားတွေအပေါ် သြဇာကြီးမားနေဆဲ

မောင်ဖေသက်နီ
မတ်လ ၁၊ ၂၀၁၄
(ထိုင်းနိုင်ငံမှာထုတ်ဝေတဲ့ ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့နေရှင်း သတင်းစာထဲမှာ ကျော်စံဝေ ရေးသားပြီး မောင်ဖေသက်နီ ဘာ သာပြန်ပါတယ်။ http://www.nationmultimedia.com/opinion/Myanmar-is-cracking-up-under-a-Buddhist-siege-ment-30227937.html )
Muslim families flee their homes after Buddhist mobs unleashed a wave of deadly violence in Lashio, eastern Myanmar
မြန်မာနိုင်ငံအရှေ့ ဖက်ပိုင်း လားရှိုးမြို့ မှာနေထိုင်ကြတဲ့ မူဆလင်မိသားစုတွေဟာ လူများစု ဗုဒ္ဓဘာသာဝင်တွေနဲ့ ပြဿနာတွေ ဖြစ်ပွားပြီး သူတို့ အိမ်တွေကိုစွန့် ခွာထွက်ပြေးနေရ

● တခြားယဉ်ကျေးမှုလွှမ်းမိုးပြီး တနေ့နေ့မှာ ဗုဒ္ဓဘာသာကို ၀ါးမြိုသွားလိမ့်မယ်လို့စိုးရိမ်ကြီးမှုတွေကြောင့် ဘာသာရေးပဋိပက္ခတွေကနေ အကြမ်းဖက်မှုတွေဘက်ဦးတည်လာ 

၂၀၁၂ ခုနှစ်တုန်းက မြန်မာနိုင်ငံအနောက်ဘက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေးပဋိပက္ခဟာ တနိုင်ငံလုံးကို အလျင်အမြန်ပျ့ံနှံ့ သွားခဲ့ရာက တဆင့် နိုင်ငံမဲ့ ရိုဟင်ဂျာဆိုတဲ့ မူဆလင်တွေရဲ့ အရေးကိစ္စဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီ့ အရေးကိစ္စဟာ ပဋိပက္ခအဆင့် ထိရောက်ရှိလာခဲ့တယ်။ ဘာကြောင့် ဖြစ်ရလဲဆိုတာကို လေ့လာကြည့်ရင် ဗုဒ္ဓဘာသာဝင်တွေထဲက ဘာသာရေးအယူပြင်းထန်တဲ့ ဗုဒ္ဓဘာသာရဟန်းတော်တချို့ ဟာ “၉၆၉ လှုပ်ရှားမှု” တခုကို စတင်ဖို့တောင်းဆိုတာကြောင့် ပိုမိုပြင်းထန်လာတာကို တွေ့ ရပါတယ်။

 

စစ်အုပ်ချုပ်ရေးဟာ စာပေစိစစ်ရေးကို ချုပ်ကိုင်ထားတာ၊ တရားစီရင်ရေးစနစ်အားနည်းနေတာတွေနဲ့အစိုးရအတွင်းမှာ ဂိုဏ်းအုပ်စုဖွဲ့ တာတွေကြောင့် အုပ်ချုပ်ရေးယန္တရား ပရမ်းပတာဖြစ်လာပြီး အစိုးရအတွင်း ဂိုဏ်းကွဲသလိုဖြစ်လာခဲ့တာကြောင့်လို့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆို နေကြပါတယ်။ အခုလို ဘာသာရေးပဋိပက္ခတွေဟာ လက်ရှိအုပ်ချုပ်နေတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ အုပ်ချုပ်ရေးရဲ့ ညံ့ဖျင်းမှုကြောင့်လို့ ပြစ်တင်ဝေဖန် နေခဲ့ကြတာတွေလည်းရှိနေကြပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ မူဆလင်တွေကို ဆန့် ကျင်တဲ့အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်မှာ တခြားပြဿနာတွေ လည်းရှိနေနိုင်သေးတယ်ဆိုတဲ့ ထောက်ပြမှုတွေလည်းရှိနေပါတယ်။ စစ်တပ်ကရေရှည်တိုင်းပြည်ကိုအုပ်ချုပ်လာခဲ့တဲ့ မြန်မာနိုင်ငံမှာ လူဦးရေအများစုဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပြီး နိုင်ငံရဲ့ ပထ၀ီအနေအ ထားအရလည်း အစိုးရထဲမှာရော၊ စစ်တပ်ထဲမှာပါ ဗုဒ္ဓဘာသာဝင်တွေက များနေတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

 

မြန်မာနိုင်ငံထဲမှာ ဗုဒ္ဓဘာသာဟာ တနေ့နေ့တချိန်ချိန် ကွယ်ပျောက်သွားလိမ့်မယ် ဆိုတဲ့ ကောလာဟလတွေကလည်း ပျံ့ နှံ့ နေပါတယ်။ အခုအချိန် မှာ မြန်မာနိုင်ငံထဲနေထိုင်ကြတဲ့ မူဆလင်အနည်းစုဟာ ဗုဒ္ဓဘာသာအများစုရဲ့ နိုင်ထက်စီးနင်းပြုတာတွေကို ခံနေရတယ်လို့ နိုင်ငံတကာအသိုင်း အ၀ိုင်းကလည်း ထောက်ပြပြောဆိုနေကြပါတယ်။ ဒေသခံ ဗုဒ္ဓဘာသာဝင်တွေရဲ့ ရှုမြင်မှုကတော့ နိုင်ငံတကာက ရှုမြင်နေတာတွေနဲ့ ကွဲလွဲနေပါတယ်။ အခုလက်ရှိ ထောင်စုနှစ်ထဲကနေ ဗုဒ္ဓဘာသာသမိုင်းကြောင်းကို ပုံနှိပ်အထောက်အထားတွေကတဆင့် ပြန်လှန်လေ့လာကြည့်ရင် ဗုဒ္ဓဘာသာဟာ စတင်တည်ထောင်ခဲ့သူ ကွယ်လွန်သွားခဲ့ပြီး နှစ်ပေါင်း ၅၀၀၀ (နှစ်ပေါင်း ငါးထောင်) ကြာတဲ့ အခါမှာ ဗုဒ္ဓဘာသာဟာ တဖန်ပျောက်ကွယ်သွားရလိမ့်မယ်ဆိုတဲ့ ယုံတမ်းစကားတွေကလည်း ရှိနေပါတယ်။ ၁၉၅၆ ခုနှစ်ဟာ ခရီးလမ်း တ၀က်ဖြစ်မယ်ဆိုရင် ဗုဒ္ဓဘာသာဟာ တဖြည်းဖြည်းပျောက်ကွယ် သွားရတော့မှာပါ။

 

ဗြိတိသျှက ကိုလိုနီပြုခဲ့တဲ့အချိန်ကစပြီး နိုင်ငံကိုအုပ်ချုပ်ခဲ့ကြတဲ့ အစိုးရတွေကဗုဒ္ဓဘာသာကို ထောက်ခံနေမှုတွေလည်း အဆုံးသတ် သွားခဲ့ရပါတယ်။ ကိုလိုနီစနစ်ရဲ့ နည်းနာတွေအတိုင်း ခရစ်ယာန်မစ်ရှင်တွေကို ဖွဲ့ စည်းပြီး ကိုလိုနီစနစ်ကို အထောက်အပံ့တွေဖြစ်စေမယ့် နည်းနာတွေကို ပြဌာန်းကျင့် သုံးခဲ့ကြပါတယ်။ အဲဒါကြောင့် ဗြိတိသျှဘုရင်ခံအုပ်ချုပ်တဲ့ “ဗြိတိသျှအုပ်ချုပ်ခံ အိန္ဒိယနယ်မြေ British India” ကို ဖန်တီးခဲ့ပြီး ဘာသာရေးရော၊ ပထ၀ီအနေအထားအရရော ထိန်းချုပ်ထားခဲ့တာပါ။ အဲဒါကြောင့် ၁၉၃၀ ခုနှစ်မှာ ဆရာစံတော်လှန်ရေး ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

 

အဲဒါတွေအပြင် ဗုဒ္ဓဘာသာကိုယ်နှိုက်က ကျဆင်းဖို့ဖြစ်လာပြီး အစ္စလာမ်ဘာသာဟာ အာရှတိုက်ထဲက ဒေသတချို့ ကို စတင်ဝင်ရောက်လာ ခဲ့တာပါ။

 

၂၁ ရာစုဟာ အစ္စလာမ်ဘာသာဟာ ဗုဒ္ဓဘာသာရဲ့ အဓိကရန်သူတော်ကြီးဖြစ်လိမ့်မယ်လို့ ဓမ္မတရားတော်တွေထဲမှာ အတိအကျ ဟောပြောခဲ့တာတွေ၊ ရေးသားထားခဲ့တာတွေ ရှိပါတယ်။ ဒါကြောင့် အစ္စလာမ်ဘာသာက ဗုဒ္ဓဘာသာနဲ့ ဆန့် ကျင်မှုတွေကို ၂၁ ရာစုထဲမှာ ဖန်တီးပြုလုပ်မှုတွေရှိနေ လိမ့်မယ်ဆိုတာကို အမြဲ သတိရှိနေကြဖို့လိုအပ်နေပါတယ်။

 

ထောင်စုနှစ်ယုံကြည်မှုတွေသာ ပိုဆိုးလာမယ်ဆိုရင် နယ်မြေတွေကို အစောင့်အကြပ်တွေအများအပြား ချထားရတော့မှာပါ။ မြန်မာနိုင်ငံဟာ တရုတ်၊ အိန္ဒိယနဲ့  ဘင်္ဂလားဒေ့(ရှ်) နိုင်ငံတွေနဲ့  နယ်နမိတ်ချင်း ထိစပ်နေကြပါတယ်။ အဲဒီ သုံးနိုင်ငံက လူဦးရေ စုစုပေါင်းဟာ ၂.၇ ဘီလီယံ ရှိကြတယ်လို့ သိရပါတယ်။ အဲဒါကြောင့် အဲဒီ ထိစပ်နေတဲ့ နိုင်ငံနယ်နမိတ်ဒေသတွေကို အထူးဂရုစိုက်ပြီး စောင့်ကြပ်ထားပါတယ်။ အဲဒါတွေအပြင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့  ထိစပ်နေတဲ့ နယ်စပ်မှာဆိုရင် ၁၉၈၀ နှောင်းပိုင်းနှစ်တွေအတွင်း တရုတ်နိုင်ငံသား ခန့်မှန်း ချေ နှစ်သန်းလောက်ဟာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ် လို့သိရှိရပါတယ်။

+ + + + + + 

ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လွန်းတာကြောင့် မြန်မာစစ်အုပ်စုလိုပဲ Paranoia လို့ခေါ်တဲ့ တခြားသူတွေကို စိုးရိမ်ကြောင့်ကျစိတ် လွန်ကဲမှုကြောင့် နိုင်ငံရေးလောကတခုလုံးကို ဘိလပ်မြေလောင်းပြီး ပုံသွင်းတာမျိုးတွေ ဖြစ်လာခဲ့တာဖြစ်တယ်လို့ တချို့ သော ဝေဖန်ရေး သမားတွေက ပြောဆိုနေခဲ့ကြပါတယ်။ သူတို့ရဲ့ အဲဒီ့စိုးရိမ်ကြောင့်ကျစိတ်ကို လွှတ်လိုက်တာနဲ့  ဘာသာရေးဂိုဏ်းဂနခွဲခြားမှုတွေကို တလွဲ ကုထုံးတွေနဲ့ ကုသပေးနေခဲ့တဲ့အတွက် အဖြေမှန်ကို ရှာမတွေ့ နိုင်ပဲဖြစ်နေခဲ့ရတာပါ။

+ + + + + +  

မြန်မာနိုင်ငံမှာ သဘာဝသယံဇာတတွေ ရှိတယ်ဆိုပြီး အရှေ့ တောင်အာရှတိုက်ထဲက အလုပ်သမားတွေ၊ အထူးသဖြင့် တရုတ်နဲ့ အိန္ဒိယ စီးပွားရေးသမားတွေဟာ ကိုလိုနီခေတ်ဦးပိုင်းကာလတွေမှာ မြန်မာနိုင်ငံထဲဝင်ရောက်လာခဲ့ကြပါတယ်။ သူတို့စဉ်းစားတာက မြန်မာနိုင်ငံ ဟာ သယံဇာတ ပေါကြွယ်ဝတဲ့အတွက် မြန်မာနဲ့ တွဲပြီးလုပ်မယ်ဆိုရင် သူတို့အတွက် အလားအလာကောင်းမယ်လို့ သူတို့တွက်ကြတာပါ။ ပထ၀ီအနေအထားအရ လူဦးရေ ထူထပ်များပြားတဲ့ အဲဒီ့နိုင်ငံတွေက မြန်မာနိုင်ငံကို သြဇာရှိဖို့ကတော့ အခွင့်အလမ်းက အနည်းငယ်ပဲရှိ ပါတယ်။

 

ရခိုင်ပြည်နယ်တခုထဲကိုပဲကြည့်ပါ။ နိုင်ငံရေးအရ ရခိုင်ပြည်နယ်ဟာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ပြည်နယ်ဖြစ်တဲ့အတွက် နိုင်ငံရေးအရဖြစ်ဖြစ်၊ စီးပွားရေး အရဖြစ်ဖြစ်၊ ပထ၀ီမြေမျက်နှာပြင်အရပဲဖြစ်ဖြစ် “မြန်မာ” လို့ခေါ်ခေါ် “ဗမာ” လို့ခေါ်ခေါ်၊ ဘယ်လိုခေါ်ခေါ် ဘင်္ဂလားဒေ့ရှ် လို့ခေါ်ခေါ် အစွဲကြီးတဲ့ မူဆလင်တွေရော၊ အစွဲကြီးတဲ့ ရခိုင်မဟုတ်တဲ့ ဗုဒ္ဓဘာသာဝင်တွေရော အားလုံးဟာ မြန်မာနိုင်ငံအတွင်းနေထိုင်နေကြတဲ့ တိုင်းရင်းသားတွေချည့် ပါပဲ။ တဦးကိုတဦး မလိုမုန်းတီးမှုတွေနဲ့ဆိုရင် အဲဒီ့ အယူသီးမှုတွေကြောင့် မူဆလင်တွေနဲ့  ဗုဒ္ဓဘာသာဝင်တွေရဲ့ အပြန်အလှန်ရန်စောင်နေမှုတွေဟာ အဆုံးသတ်သွားနိုင်ကြမှာ မဟုတ်ပါဘူး။

 

မြန်မာနိုင်ငံထဲမှာဖြစ်ပွားနေတဲ့ ဘာသာရေးယုံကြည်မှုနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေပိုပြီး ကြီးထွားမလာအောင်၊ နိုင်ငံတကာအသိုင်း အ၀ိုင်းနဲ့ မီဒီယာတွေက တလျှောက်လုံးထောက်ပြရေးသားနေကြတဲ့ မူဆလင် ရိုဟင်ဂျာ ကိစ္စအပေါ် ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲ။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေရဲ့ ရှုမြင်ချက်တွေကို မျက်နှာလွှဲခဲပစ်လုပ်ကြတော့မှာလား၊ ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လေ့လာသုံး သပ်သူတွေပြောဆိုနေကြ တဲ့အတိုင်း၊ ဗုဒ္ဓ ရဟန်းတော်တပါးဖြစ်တဲ့ “အရှင် ၀ီရသူ” တောင်းဆိုနေတဲ့ ၉၆၉ လှုပ်ရှားမှုကို ဖန်တီးရပေမည်လော။

 

နိုင်ငံခြားက မြန်မာနိုင်ငံရေးအကြောင်း လေ့လာသုံးသပ်ပြောဆိုနေတာတွေဟာ နိုင်ငံတကာမီဒီယာတွေက ပြောနေကြတဲ့အတိုင်း ဗုဒ္ဓဘာသာဝင်တွေကို ဘာသာအယူကြီးတယ်၊ နိုင်ငံခြားမီဒီယာတွေကို ဆန့် ကျင်တယ်ဆိုတဲ့ အယူရှိနေကြတယ်၊ “မြန်မာ” လူမျိုးကြီးဝါဒ ရှိနေပြီး လူနည်းစု ရိုဟင်ဂျာတွေအပေါ်ခွဲခြားဆက်ဆံတယ်ဆိုပြီး ပြစ်တင်ပြောဆိုနေခဲ့ကြတာပါ။ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း မီးလောင်ရာလေပင့် ဆိုသလို ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်ဆက်ဆံနေတာတွေကို အဆုံးသတ်ဖို့ တလျှောက်လုံးတောင်းဆိုနေခဲ့ပါတယ်။

 

အဲဒီ့တောင်းဆိုမှုတွေဟာ ၉၆၉ လှုပ်ရှားမှုလိုမျိုးပဲ ဗုဒ္ဓဘာသာကို မည်းညစ်သွားအောင် ကတ္တရာစေးလောင်းလိုက်တာမျိုးပဲဖြစ်ပါတယ်။ စဉ်းစားဆုံး ဖြတ်နိုင်တဲ့ မြန်မာလူမျိုး အတော်များများက အခု ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ရိုဟင်ဂျာ အရေးကိစ္စကို ပြေလည်အောင်ဖြေရှင်းနိုင်ဖို့ကို ပြည်တွင်း ရေးဖြစ်တဲ့အတွက် ပြည်တွင်းမှာပဲ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

 

အရင် စစ်အုပ်စုက ရိုဟင်ဂျာအရေးကိစ္စကို ပါးစပ်နဲ့ ဖြေရှင်းပေးရမယ်၊ ဖြေရှင်းပေးရမယ်ဆိုပြီး မကြာခဏပြောဆိုခဲ့ပေမယ့် တကယ့်လက် တွေ့ မှာ ဖြေရှင်းမပေးနိုင်သေးပါဘူး။ သာမန် မြန်မာနိုင်ငံသားတွေဟာ နိုင်ငံတကာဖိအားကြောင့်မဟုတ်ပဲနဲ့ ရိုဟင်ဂျာအရေးကိစ္စကို ဖြေ ရှင်းနိုင်ဖို့ စိတ်ဆန္ဒတွေ အပြည့်ရှိနေကြပါတယ်။

 

ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လွန်းတာကြောင့် မြန်မာစစ်အုပ်စုလိုပဲ Paranoia လို့ခေါ်တဲ့ တခြားသူတွေကို စိုးရိမ်ကြောင့်ကျစိတ် လွန်ကဲမှုကြောင့် နိုင်ငံရေးလောကတခုလုံးကို ဘိလပ်မြေလောင်းပြီး ပုံသွင်းတာမျိုးတွေ ဖြစ်လာခဲ့တာဖြစ်တယ်လို့ တချို့ သော ဝေဖန်ရေး သမားတွေက ပြောဆိုနေခဲ့ကြပါတယ်။ သူတို့ရဲ့ အဲဒီ့စိုးရိမ်ကြောင့်ကျစိတ်ကို လွှတ်လိုက်တာနဲ့  ဘာသာရေးဂိုဏ်းဂနခွဲခြားမှုတွေကို တလွဲ ကုထုံးတွေနဲ့ ကုသပေးနေခဲ့တဲ့အတွက် အဖြေမှန်ကို ရှာမတွေ့ နိုင်ပဲဖြစ်နေခဲ့ရတာပါ။

 

တကယ့်ကိုပါပဲ။ ဆင်းရဲမွဲတေသူတွေနဲ့အတူတွဲပြီး အလုပ်မလုပ်ရေး၊ အောက်ခြေအဆင့်မီဒီယာတွေကို ခွဲခြားထားရေး၊ ပထ၀ီဆိုင်ရာ နိုင်ငံရေးယှဉ် ပြိုင်မှု၊ သမိုင်းဆိုင်ရာ အကြောင်းခြင်းရာများနဲ့ အုပ်ချုပ်သူဘက်ကရော၊ ပြည်သူလူထုဘက်ကပါ နိုင်ငံရေးရေပေါ်ဆီ လူတန်း စားတို့ရဲ့ အခြေအနေတွေကိုပါ သေချာစိစစ်သုံးသပ်ဖို့လိုအပ်နေပါတယ်။ အဲဒီလို စိစစ်သုံးသပ်နိုင်ဖို့အတွက် မြန်မာနိုင်ငံဟာ လူထုလူတန်း စားအဖွဲ့ အစည်းတွေဖွဲ့ စည်း ခွင့်ပေးရမှာဖြစ်ပြီး အဇ္ဈတ္တရော၊ ဗဟိဒ္ဒရော နိုင်ငံရေးအခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့လည်း လိုအပ်ပါတယ်။

 

မြန်မာအစိုးရကလည်း လူတိုင်းလူတိုင်း လွတ်လွတ်လပ်လပ်ပြောဆိုခွင့်ကို ပေးနိုင်ရမှာဖြစ်သလို ရဲတပ်ဖွဲ့ ကိုလည်း လူတိုင်းလွတ်လပ်စွာပြော ဆိုမှုကို ခွင့်ပြုမိန့် ပေးထားရမှာဖြစ်သလို လက်နက်အပြည့်အစုံ တပ်ဆင်ပေးထားရမှာပါ။ တရားဥပဒေနဲ့ အညီ လက်နက်ကိုင်ဆောင်ခွင့်ကို ဌာနတချို့ ကို ပေးအပ်ထားမယ့်အကြောင်း၊ လူမျိုး၊ ဘာသာမခွဲခြားပဲ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးရမယ့် အကြောင်း လက်နက် ကိုင်အဖွဲ့ တွေကို အသိပေးထားပြီးဖြစ်တယ်လို့ပါရှိပါတယ်။ အဲဒီလို အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် ပါဝင်ပါတ်သက်သူတွေနဲ့ သဘောထား အနည်းငယ်ကွဲလွဲမှုကို အသိအမှတ်ပြုလက်ခံနိုင်ရမှာ ဖြစ်ပါတယ်။

(ထိုင်းနိုင်ငံမှာထုတ်ဝေတဲ့ ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့နေရှင်း သတင်းစာထဲမှာ ကျော်စံဝေ ရေးသားပြီး မောင်ဖေသက်နီ ဘာသာပြန်ပါတယ်)

 

ဒီဆောင်းပါးရေးသားသူ ကျော်ဇံဝေဟာ မြန်မာနိုင်ငံသားတယောက်ဖြစ်ပြီး စင်္ကာပူနိုင်ငံက နန်ယန် နည်းပညာတက္ကသိုလ် Nanyang Technological University ရဲ့ ရာဂျာရတ္တနမ် နိုင်ငံတကာလေ့လာရေးဌာန S Rajaratnam School of International Studies (RSIS) ရဲ့ အကြီးတန်းသုတေသနမှူးဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ နိုင်ငံရေးနဲ့ နွယ်တဲ့ ဗုဒ္ဓဘာသာ၊ အရှေ့ တောင်အာရှရေးရာတွေနဲ့  Biosecurity လို့ခေါ်တဲ့ လူသားတွေရဲ့ နေ့တဓူဝ ရုန်းကန်လှုပ်ရှားရမှုတွေကို အဓိက သုတေသနပြုလုပ်နေ သူတဦးဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts