Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ဒီလှိုင်း သတင်းသင်တန်း အမှတ်စဉ် ၄ ပြီးဆုံး

ကျော်လင်း  ။ မတ် ၁၊ ၂၀၁၄

သင်တန်း မြင်ကွင်း တစ်ခု (ဓာတ်ပုံ – မြဒေါင်းနွယ်)

ရန်ကုန်မြို့ ဒီလှိုင်း သတင်းနှင့်မီဒီယာသင်တန်း အပတ်စဉ် ၄ ပြီးဆုံးပြီဖြစ်သောကြောင့် ကြာသပတေးနေ့က သင်တန်းဆင်းပွဲပြုလုပ်ပြီး အနယ်နယ်အရပ်ရပ်မှ လူငယ်သင်တန်းသား ၁၄ ဦးကို အောင်လက်မှတ်ပေးအပ်ခဲ့သည်။

သင်တန်းနည်းပြများမှာ ရန်ကုန်အခြေစိုက် စာနယ်ဇင်းများဖြစ်ပြီး တလ ကြာသည့် သင်တန်းတွင် အခြေခံစာနယ်ဇင်းပညာအကြောင်း ပို့ချခဲ့သည်။

သင်တန်းကာလတွင် ပညာပေးဟောပြောဆွေးနွေးပွဲ အများအပြား ပြုလုပ်ခဲ့ရာ မြန်မာစာပေလောက၊ တိုင်းရင်းသားအရေး၊ နိုင်ငံရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အာဆီယံ၊ ဥပဒေ၊ အခြေခံဥပဒေ စသည့် အကြောင်းအရာများ ပါဝင်သည်။

အောင်ပင်လယ်မဂ္ဂဇင်း အယ်ဒီတာ ဒေါ်ဒေဝီသန့်စင်၊ ရှေ့နေ ဦးအောင်သိန်း၊ ရှေ့နေ ဦးကိုနီ၊ ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင် ခွန်မြင့်ထွန်း၊ ကဗျာဆရာငြိမ်းသစ်၊  လွှတ်တော်ကိုယ်စားလှယ် မဖြူဖြူသင်း၊ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီ၊ ရနံ့သစ်မဂ္ဂဇင်းအယ်ဒီတာ ပြည်သွေးနိုင်တို့က ဟောပြောခဲ့ကြခြင်းဖြစ်သည်။


တိုင်းရင်းသားအရေး ဆွေးနွေးဟောပြောနေသည့် ခွန်မြင့်ထွန်း (ဓာတ်ပုံ – ရန်နောင်)

အခမဲ့ ဖွင့်လှစ်သည့် စာနယ်ဇင်းသင်တန်း တက်ရောက်ရေးအတွက် လျှောက်ထားနိုင်ကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ဝေသည့် ဒီလှိုင်းဂျာနယ်တွင် မကြာခဏ ဖော်ပြလေ့ရှိသည်။

သင်တန်းခန်းမသည် တာမွေမြို့နယ် ဒီလှိုင်းဂျာနယ်ရုံးနှင့်ကပ်လျက် တည်ရှိသည်။


အခြေခံဥပဒေရေးရာများ ဆွေးနွေးဟောပြောနေသည့် ဦးကိုနီ (ဓာတ်ပုံ – ရန်နောင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts