>WikiLeaks: Than Shwe tried to buy Manchester United

>

ဗိုလ်ချုပ်မှူးကြီးက မြေးဖြစ်သူကို မန်ယူ အသင်း ၀ယ်ပေးရန် စိတ်ကူးခဲ့
AFP သတင်းဌာန
ဒီဇင်ဘာ ၇၊ ၂၀၁၀


ကမ္ဘာကျော် မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းကို မြန်မာစစ်အစိုးရက ၀ယ်ယူရန် စီစဉ်ခဲ့သည်ဟု ၀ီကီလိ ၀က်ဆိုက်တွင် ဖော်ပြထားသည့် အမေရိကန်သံတမန်တို့၏ မှတ်တမ်း ပေါက်ကြားမှုအရ သိရသည်။

၂၀၀၉ ဇန်န၀ါရီလ မတိုင်ခင်က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို မြေးဖြစ်သူက မန်ယူအသင်း ၀ယ်ရေးအတွက် အကြံပေးခဲ့သည်ဟု ရန်ကုန်မြို့ အမေရိကန် သံရုံးက ၎င်း၏ အစိုးရထံ ပေးပို့သည့် ကြေးနန်းစာတစောင်တွင် ဖော်ပြထားသည်။
ကြေးနန်းစာအသေးစိတ်ကို လန်ဒန်အခြေစိုက် Guardian သတင်းစာတွင် ဖော်ပြထားသည်။

သို့သော်လည်း ၀ယ်ယူရေး အစီအစဉ်ကို အကောင်အထည် မဖော်ခဲ့ပေ။ ၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုန်း မြန်မာပြည်သို့ တိုက်ခတ်မှုကြောင့် လူပေါင်း တသိန်းကျော် သေဆုံး ရမှု ကဲ့သို့သော ပြည်တွင်းရေး အခက်အခဲများကြောင့် အစီအစဉ် ပျက်သွားရသည်ဟု ဆိုသည်။

“မန်ယူအသင်း ၀ယ်ရေးအတွက် ဒေါ်လာ သန်းတထောင် ကမ်းလှမ်းရန် မြေးဖြစ်သူက ဗိုလ်ချုပ်မှူးကြီးကို ပူဆာခဲ့သည်ဟု ၎င်းတို့နှင့် နီးစပ်သူတဦးက သတင်းပေးသည်” ဟု Guardian သတင်းစာတွင် ဖော်ပြထားသည်။

“ထိုသို့ဝယ်ယူလျှင် အဆိုးမြင်ကြမည်ဟု ဗိုလ်ချုပ်မှူးကြီးက ယူဆပြီး မြန်မာနိုင်ငံအတွင်း ဘောလုံးအသင်း ထူထောင်ရန်သာ စီစဉ်ခဲ့သည်” ဟု ဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts