>The Great Expectation of Burmese People – Relase Aung San Suu Kyi

>

 အများ မျှော်လင့်ခဲ့ရတဲ့နေ့
ခင်နှင်းလွင်၊ ရန်ကုန်
နိုဝင်ဘာ ၁၃၊ ၂၀၁၀
`ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ´ ဟုစာတမ်းငယ် ပါရှိတဲ့ တီရှပ်အဖြူရောင်တွေကို ၀တ်ဆင်ထားတဲ့ လူကြီး၊ လူငယ် အင်အား တထောင်ခန့် လမ်းမပေါ်ကို မျှော်ကြည့် နေကြသည်။
(12th Nov, 2010 – NLD Headquarter, Party Members and Public waiting for the release news of Aung San Suu Kyi)

 (12th Nov, 2010 – NLD Headquarter, Party Members and Public waiting for the release news of Aung San Suu Kyi)

စိတ်လှုပ်ရှားမှု အပြည့်၊ သူတို့၏ မျက်နှာပေါ်မှာ နှစ်နဲ့ချီမျှော်လင့်နေခဲ့တဲ့ လူထုခေါင်းဆောင် ကို ပြန်လည်မြင်တွေ့ဖို့ စိတ်စောနေကြပုံလည်း ပေါ်နေသလို၊ စိတ်လှုပ်ရှားစွာနဲ့ တယောက်နှင့် တယောက်ကြည့်ကာ အန်တီ လာပြီလားဆိုတာကို စူးစမ်းနေကြသည်။
((12th Nov, 2010 – NLD Headquarter, Party Members and Public waiting for the release news of Aung San Suu Kyi) 
နိုဝင်ဘာ ၁၃ ရက်နေ့မှာ စစ်အစိုးရက မတရားစွပ်စွဲကာ ချမှတ်ခဲ့သည့် ပြစ်ဒဏ် ၃ နှစ်အနက် ကောင်းမွန်စွာနေထိုင်လျင် တစ်နှစ်ခွဲကျခံရသည့် ကာလပြည့်မြောက်ပြီ ဖြစ်သည့်အတွက် သူ့ကို ထောက်ခံလေးစားသူ၊ ချစ်ခင်သူ လူထုကြီးကစောင့်မျှော်နေခဲ့ကြခြင်းဖြစ်သည်။
(12th Nov, 2010 – NLD Headquarter, Party Members wearing T-shirts bearing images of Daw Aung San Suu Kyi))
နေ့ခင်းကတည်းက စောင့်မျှော်နေခဲ့ရာမှ ညနေ ၃နာရီကျော်လာသည့် အခါ တက္ကသိုလ်ရိပ်သာလမ်းရှိ အန်တီ့ နေအိမ်ထဲသို့ ရဲကားဝင်သွားသည်ဆိုသည့် သတင်းထွက်ပေါ်လာကာ မကြာခင် အန်တီလာမည့် မျှော်လင့်ချက်ပိုမိုခိုင်မာလာခဲ့ခြင်း ဖြစ်သည်။
လူ ၃၊ ၄ ဆယ်လောက်ရှိသည့် ပြည်တွင်းနှင့် နိုင်ငံခြားသတင်းထောက် အဖွဲ့ကလည်း တက္ကသိုလ်ရိပ်သာလမ်း နဲ့ ကမ္ဘာအေး ဘုရားလမ်းထောင့်နားမှ အန်တီ့ အိမ်ဘက်ဆီ စောင့်မျှော် ကြည့်နေခဲ့ကြသည်။
(12th Nov, 2010 – NLD Headquarter, Party Members wearing T-shirts bearing images of Daw Aung San Suu Kyi and holding place-cards of her photos ) 
ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံကို အုတ်လမ်း အန်အယ်လ်ဒီရုံး တ၀ိုက် နေရာတိုင်းတွင်တွေ့မြင်နေရသည်။ တီရှပ်တွေမှာ၊ ဓါတ်ပုံတွေကို ပလပ်စတစ်လောင်းပြီး ယပ်တောင်သဖွယ် တုတ်တံဖြင့် ကိုင်မြှောက်ထားကြသည်ကိုလည်း တွေ့ရသည်။

 

 (12th Nov, 2010 – NLD Headquarter, Party Members wearing T-shirts bearing images of Daw Aung San Suu Kyi and holding place-cards of her photos ) 
“အန်တီ့ကို ဒီရက်ပိုင်းမှာ လွှတ်ရက်စေ့မယ် ကြားလို့  လာစောင့်နေတာ၊ ကျမကနယ်ကပါ၊  စစ်ကိုင်းတိုင်း ကအန်အယ်ဒီ အဖွဲ့ဝင်ပါ၊  အလုပ်တွေ များနေတဲ့ အထဲကကို ကျမ, အန်တီ့ကို တွေ့ချင်လို့ လာတာပါ”
လို့ စစ်ကိုင်းတိုင်းမှ အန်အယ်ဒီ အဖွဲ့ဝင် တစ်ဦးကပြောပြသည်။
(12th Nov, 2010 – NLD Headquarter, Party Members wearing T-shirts bearing images of Daw Aung San Suu Kyi and holding place-cards of her photos )  
အန်အယ်ဒီ ရုံးရှေ့၊ ရုံးအတွင်း အပြင်မှာတော့ အန်အယ်ဒီ အဖွဲ့ဝင်များ အပြင် ပြင်တွင်းပြည်ပက သတင်းထောက်တွေပါ လာရောက် သတင်းယူ နေကြတာတွေ့ရသည်။
 
(12th Nov, 2010 – NLD Headquarter, U Win Tin, one of Party Leaders with public)  
ရုတ်တရက် အန်တီလွတ်လို့ လာနေပြီဆိုတဲ့ သတင်းကို ကြားလိုက်တာနဲ့ ပင်နီတိုက်ပုံများ ၀တ်ထားတဲ့ လူအများက သူတို့လက်တွင် ကိုင်ဆောင်ထားတဲ့ အန်တီ့ပုံပါတဲ့ ပလတ်စတစ်လောင်းထားသော တုတ်တံများကို ဝှေ့ရမ်းကာ
“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ”
 လို့ တပြိုင်နက်ထဲ အော်သံများ ထွက်လာသည်။
 
(12th Nov, 2010 – NLD Headquarter, party supporter holding flowers to greet her leader)  
 အန်အယ်ဒီရုံးချုပ်ရဲ့ တဖက်မှာတော့ လာရောက် အခြေအနေ စောင့်ကြည့်နေတဲ့ စွမ်းအားရှင်များ ကိုတွေ့ရသလို လာရောက် ကြည့်ရှုတဲ့ နေတာတွေ့ရသလို အထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ အတွက် အောင်သပြေပန်း၊ နှင်းဆီပန်းများကိုင်ကာ လာစောင့်နေတဲ့ အမာခံ အဖွဲ့ဝင် များကိုလည်း တွေ့ရှိရသည်။
(12th Nov, 2010 – NLD Headquarter, Party Members and public seen together with party leaders, U Win Tin and U Tin Oo )  
ထိုစဉ် တိုးရစ်ကားတစီး ရုံးချုပ်ရှေ့ ထိုးစိုက်လိုက်ပြီး ကားပေါ်ပါ တိုးရစ်များလည်း ကင်မရာများနှင့် ရုံးရှေ့က လူများကို ဓါတ်ပုံရိုက်နေကြတာ တွေ့ရသည်။
ရုံးရှေ့မှ အန်အယ်ဒီ အဖွဲ့ဝင်များက လမ်းမှ ဖြတ်သန်းသွားသည့် ဘတ်စကားများ၊ ကိုယ်ပိုင်ကားများ၊ အငှားယာဉ်ပေါ်မှ လူများကို လက်မထောင်ပြကာ၊
“လွတ်ပြီ၊ ဒေါ်စုလွတ်ပြီ”
လို့အော်ပြောတဲ့ အခါ ဖြတ်သွားတဲ့ခရီးသည်တွေကလည်း အံ့သြသည့်မျက်နှာ ၀မ်းသာသည့်မျက်နှာဖြင့် ပြန်လည်တုံ့ပြန်ကြသည်ကိုတွေ့ရသည်။
(12th Nov, 2010 – NLD Headquarter, Supporter of Aung San Suu Kyi, holding place-cards of her photos )  
ညနေ ၁နာရီ၊ ၂နာရီကတည်းကစောင့်ဆိုင်းနေကြသည့် လူအုပ်ကြီးမှာ ၃နာရီခွဲ  ၄ နာရီမှာတော့ အများဆုံး အနေအထားရောက်လာခဲ့သည် ကိုတွေ့ရသည်။ တဦးကိုတဦးကြည့်ပြီး စိတ်အားတက်ကြွနေကြသည်ကို မျက်နှာပေါ်မှာ အတိုင်းသားမြင်ခဲ့ရသည်။
ကွမ်းခြံကုန်းမှ နံနက်အစောကြီးထလာခဲ့သည့် အန်အယ်လ်ဒီအဖွဲ့ဝင် တွေကိုလည်း တွေ့ရသလို သတင်းကြားကြားချင်း ပဲခူးမှလာရောက်သည့် အမျိုးသမီးငယ် နှစ်ဦးကိုလည်း တွေ့ရသည်။
 
((12th Nov, 2010 – NLD Headquarter, Party Leader U Tin Oo) 
၅ နာရီကျော်လာသည့် အခါမှာတော့ ရုံးထဲမှ ဦးတင်ဦးထွက်လာပြီး လမ်းတလျှောက်က ထောက်ခံသူများကို
“ဒီည လွတ်ချင်လည်း လွတ်ပါလိမ့်မယ်။ ဒါမှမဟုတ်ရင် မနက်ဖြန်မှ လွတ်မှာမို့ အိမ်ပြန်ကြပါ၊ ရေဒီယိုတွေ နားထောင်ကြပါ၊”
လို့မေတ္တာလိုက်လံ ရပ်ခံသည်ကို တွေ့ရသည်။
 
((12th Nov, 2010 – NLD Headquarter, Party Leader U Tin Oo) 
အချို့သော အန်အယ်ဒီ ထောက်ခံသူတွေမျက်နှာမှာ စိတ်မောသွားသည့် အသွင်၊ မျက်နှာညိုနေသည့် အသွင်ကိုလည်းတွေ့ရသည်။ ကားလမ်းပေါ်လျှံကျနေသည့် ထောက်ခံသူများ ယာဉ်အသွားအလာ အန္တရာယ် မဖြစ်အောင် ရဲ၂ဦး ၃ ဦးက လိုက်လံထိန်းသိမ်းပေးနေသည်ကိုလည်း တွေ့ရသည်။
လူအုပ်အပြင်ဘက်လျှောက်ကာ လိုက်လံ မေတ္တာရပ်ခံသည့် ဦးတင်ဦးကို အဖွဲ့ဝင်တွေထဲမှ ဘေးမှ ၀ိုင်းဝန်းစောင့်ရှောက်ပေးကြသည့် မြင်ကွင်းကို လည်းတွေ့ရသည်။
((12th Nov, 2010 – NLD Headquarter, Party Leader U Win Tin) 

အန်အယ်ဒီ၏  လူမှု ကူညီရေးလုပ်ငန်းများကို တက်ကြွစွာလုပ်ကိုင်လျက်ရှိသည့် အမျိုးသမီးတဦးကတော့ သူ့စိုးရိမ်မှုကို ယခုလိုပြောသည်။
“အန္တရာယ်တွေကို ကြိုမြင်နေတယ်၊ လူငယ်တွေ ကတော့အန်တီ့ကို ၀မ်းသာအားရ ကြိုဆို နေကြပေမဲ့ လူကြီးတွေကတော့ ဒုတိယ ဒီပဲယင်းလို အဖြစ်မျိုး ဖြစ်မှာစိုးရိမ် နေကြတယ်။ သူတို့က ရွေးကောက်ပွဲမှာလည်း ညစ်ထားကြတာ ဆိုတော့ အန်တီထွက်လာရင်တော့ အန်တီ့ကို ဒုက္ခပေးမှာကို စိုးနေတာ”
လို့ပြောလိုက်သည်။

(ဓာတ်ပုံ – မိုးမခ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts