>
ဝင်းမြတ်
ရန်ကုန်၊ မတ် ၂၅၊ ၂၀၁၀
ရန်ကုန်ဆိပ်ကမ်းရှိ ဗိုလ်အောင်ကျော် ဆိပ်ခံတံတားကို မြန်မာ့စီးပွားရေးဦးပိုင်လီမိ တက်သို့ ယခုလ ၂၆ ရက်တွင် လွှဲပြောင်း ပေးအပ်သွားမည်ဟု သိရှိရသည်။
ဇန်န၀ါရီလကုန်ပိုင်းမှ စတင်၍ နိုင်ငံပိုင် ဆိပ်ကမ်းများအား ပုဂ္ဂလိကသို့လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုမည်ဟု သတင်းထုတ် ပြန်ခဲ့ပြီးနောက်ပိုင်း ၄င်းဆိပ်ကမ်းသည် အစိုးရမှ စစ်တပ်ပိုင် ဦးပိုင်လီမိတက်သို့ ပထမဆုံး လွှဲပြောင်းပေးသည့် ဆိပ်ကမ်းဖြစ်သည်။
၎င်းဆိပ်ကမ်းသည် အစိုးရပိုင်ဆိုင်သည့် တစ်ခုတည်းသော ကုန်သေတ္တာ တင်ချနိုင်သည့် ဆိပ်ကမ်းဖြစ်ပြီး မြောက်ကိုရီးယားမှ လက်နက်တင် သင်္ဘောများဝင်ရောက်ဆိုက်ကပ် ကုန်တင်ချပြုလုပ်လေ့ရှိသည့် ဆိပ်ကမ်းဖြစ်သည်။
ဆိပ်ကမ်းအတွက် သုံးစွဲရန်လျာထားသည့် အစိုးရဘတ်ဂျက် ငွေများဖြင့် အကောင်းဆုံးပြင်ဆင်ပြီးမှ စစ်ဗိုလ်ချုပ်များ ဦးစီးလုပ်ကိုင်နေသည့် ဦးပိုင်လီမိတက်သို့ လွှဲပြောင်းပေးခဲ့ရခြင်းဖြစ်သည် ဟု ပို့ဆောင်ရေးဝန်ကြီးဌာနမှ အရာရှိကြီး တစ်ဦးကပြောသည်။
ဆိပ်ကမ်းလွှဲပြောင်းရယူရန် နိုင်ငံတော်သို့ တန်ဖိုးမည်မျှ သတ်မှတ်ကာ ပေးသွင်း ခဲ့ရသည်ကိုမူ မသိရကြောင်း ဌါနဆိုင်ရာ အရာရှိက ပြောဆိုသည်။
ရန်ကုန်ဆိပ်ကမ်းကို ပုဂ္ဂလိကသို့လွှဲပြောင်းလုပ်ကိုင် ခွင့်ပြုရာတွင် မြန်မာ့စီးပွားရေးဦးပိုင် လီမိ တက်၊ ဦးတေဇနှင့် ဦးဇော်ဇော်(Max) တို့သုံးဦးသာ လုပ်ပိုင်ခွင့် အသီးသီးရရှိထားသည်ဟုသိရသည်။
ယခင်ကပုဂ္ဂလိကဆိပ်ကမ်းများအဖြစ် Myanmar  International Terminal Thilawah(MITT) ၊ Myanmar  Integrated Port Limited (MIPL) ၊ Myanmar  Industrial  Port  (MIP) နှင့် Asia  World  Port   Terminal (AWPT) တို့ကို တည်ဆောက် လုပ်ကိုင် လွှဲပြောင်းစနစ်(BOT) ဖြင့်လုပ်ကိုင်ခွင့်ပြုခဲ့သည်။
(ဓာတ်ပုံ – ဗိုလ်အောင်ကျော်ဆိပ်ကမ်းတွင် ၀င်ရောက်ဆိုက်ကပ်ခဲ့သော မြောက်ကိုရီးယားသင်္ဘော MV DU MAN GANG အား  ၂၀၀၉ ခုနှစ် ဇူလိုင်လအတွင်းကတွေ့ရစဉ် – မိုးမခ)
		