ကိုသန်းလွင် ရသဆောင်းပါးစုံ

ကိုသန်းလွင် ● ဆော်ဒီမင်းသား၏ အမေရိကန်ခရီးစဉ်

ကိုသန်းလွင် ● ဆော်ဒီမင်းသား၏ အမေရိကန်ခရီးစဉ်
(မိုးမခ) ဧပြီ ၂၃၊ ၂ဝ၁၈

(၁)
ဆော်ဒီအာရေးဗီးယားမှ ဘုရင့်သားတော် ဆော်လမွန် (Mohamad Bin Salam-MBS) သည် အမေရိကားသို့ အလည် ရောက်ရှိလာပါသည်။ သူသည် ရုပ်ရှင်လုပ်ငန်းအကြောင်းကို မိုက်ကယ်ဒေါက်ကလပ်၊ မော်ဂင်ဖရီးမင်းတို့နှင့် အတူည စာစားရင်း စကားပြောကြမည်။ သူသည် အာကာသခရီးသွားရေးအစီအစဉ်ကို ရစ်ချပ်ဘရွန်ဆင်နှင့် ပြောကြသည်။ ဘီလ် ဂိတ်နှင့်မူ လူသားတို့အမျိုးအနွယ်ကို စောက်ရှောက်ဖို့အကြောင်း (Philanthropy) ဆွေးနွေးမည်။ အမေဇုံ၏ ဥက္ကဌ ဂျက် ဘီဆော့ (Jeff Bezos) နှင့်မူ နောက်ဆုံးပေါ်စက်မှုတီထွင်ချက် တွေ့ရှိချက်တွေအကြောင်း ပြောကြမည်။ ဟားဗတ်နှင့် အမ်အိုင်တီတို့ကို လည်းသွားရောက်လည်ပါတ်ခဲ့ပါသည်။

သမ္မတထရန့်နှင့်မူ လက်နက်ဝယ်ယူရေးကိစ္စ ပွဲစားလုပ်ခဲ့သည်။ Wall Street မှငွေကြေးဆိုင်ရာ ပုဂ္ဂိုလ်များနှင့်လည်း တွေ့ ခဲ့သေးသည်။ အော်ပရာဝင်ဖီးလ်နှင့်လည်း မိန်းခလေးတွေလွတ်လပ်ရေးကို ဆွေးနွေးခဲ့သည်။

(၂)
အသက် ၃၂ ရှိပြီဖြစ်သော ဆော်ဒီအာရေးဗီးယား အိမ်ရှေ့မင်းသားမှာ အမေရိကားတိုက်ကို အရှေ့အနောက်စုံ  အောင် သွားပြီး အမေရိကန်တို့၏ လက်ရှိခေတ်မှီသော ဘဝအခြေအနေများကို လေ့လာစုံစမ်းနေဟန်တူပါသည်။ သူ့တွင် ရန်သူပေါ များလှသောကြောင့် အစောင့်အရှောက် ထူထူထပ်ထပ် ချထားရသည်။

သူတို့နိုင်ငံတွင်ပါဝါကို တင်းကြပ်စွာဆုပ်ကိုင်ထားသူ မင်းသားသည် ဗလီများက မိန်းခလေးများကို ဒုတိယတန်း စားပြည်သူ များသာသာ သဘောထားနေချိန်တွင် မိန်းခလေးအခွင့်အရေးများအတွက် ရှေ့ကဦးဆောင်၍ပြောဆိုသူအဖြစ်လည်း နာ မည်ရှိပါသည်။ အများသူငါက ဆော်ဒီအာရေးဗီးယားနိုင်ငံကို ပိတ်ဆို့ထားသော ဘာမှမမြင်ရသောနိုင်ငံတစ်ခုအဖြစ် မှတ်ယူ ထားကြသည်။

ဆော်ဒီမင်းသားသည် အမေရိကန်မှ ရင်းနှီးမြှပ်နှံလိုသူများကို ဖိတ်ခေါ်ချင်သည်။ ဆော်ဒီနိုင်ငံကို အများက ရေနံနှင့် ဆိုင် သောကုမ္ပဏီများသာ ဖွံ့ဖြိုးတိုးတက်နေကြသည်ဟု မြင်နေကြရာ မင်းသားက (Entertainment) လို   အလုပ်မျိုးလုပ်လှည့်ပါ ဖိတ်ခေါ်သည်။ အများပြည်သူနှင့်ဆိုင်သော Infra-structure ပရောဂျက်မြောက်များစွာရှိ သည်။ ပိုတင်ရှယ် အများကြီးရှိသည့်နိုင်ငံဖြစ်ကြောင်း သိစေချင်သည်။ ရေနံမဟုတ်သောလုပ်ငန်များတွင် ရင်းနှီးမြှုပ်နှံမှုကိုလည်း လုပ်စေချင်သည်။ ဆော်ဒီ အာရေးဗီးယားတွင် ကွန်ဆပ် (Concert) များ၊ ဂျက်ဇ (Jazz) များ ရုပ်ရှင်ရုံများ ဖွင့်လှစ်ပေးရန်ရည်ရွယ်သည်။

ရုပ်ရှင်ရုံချိန်းကို ပိုင်ဆိုင်သူ AMC ဥက္ကဌအေရွန် (Adam Aron) က ဆော်ဒီအာရေးဗီးယားသည် အမေရိကန်တို့ အမြင်တွင် ခက်ခဲသောနိုင်ငံတစ်ခုဖြစ်သည်။ ဆော်ဒီမင်းသားက သူ့တို့နိုင်ငံ၏ပုံရိပ်ကို အပြုသဘော လက္ခဏာ ဆောင်သည့်နိုင်ငံအဖြစ် ပုံဖေါ်လိုသည်။ အမေရိကန်တို့စိတ်ဝင်စားလာအောင် ပုံစံပြောင်းလဲပြစ်လိုသည်။အသက် ၃ဝ အောက်အရွယ် လူငယ်က တစ်နိုင်ငံ လုံးလူဦးရေ၏ ၇ဝ ရာခိုင်နှုန်းရှိသော ဆော်ဒီတွင် လူငယ်အများအပြားမှာ မိုဘိုင်းဖုန်းကိုသာ ပွတ်နေကြသည်။ အမေရိကန်ကိုလာစေလိုသောကြောင့် Vision 2030 ကဲ့သို့သော စီမံကိန်းများကို အကောင်အထည်ဖေါ်အောင် ဆောင်ရွက် နေသည်။

ဆော်ဒီတွင် ရုပ်ရှင်ရုံမရှိ၊ ဧပြီလ ၁၈ ရက်တွင် ပဌမဆုံးဖွင့်လှစ်ရန်ရှိသော ရီရဒ်မြို့ရုပ်ရှင်ရုံတွင် “Black Panter” ဇာတ်ကားကို ပြသရန်ရှိနေသည်။ ရုပ်ရှင်ရုံများသို့ ဆော်ဒီအမျိုးသမီးများသည် အမျိုးသားများနှင့် အတူတကွ ကြည့်ရှုကြတော့မည်ဖြစ်၏၊ မိတ်ဆွေများနှင့်အတူတကွ ရုပ်ရှင်ရုံများသို့ သွားရောက်ကြည့်ရှု့ခြင်းမှာ ဆော်ဒီအာရေးဗီးယားနိုင်ငံအဖို့ ကြီးစွာသော တိုး တက်မှုပင်ဖြစ်သည်။ ယခင်က အများပြည်သူတို့နေရာမှာ ယောက်ျားနှင့်မိန်းမများကို နေရာခွဲခြားထားသည်။ ဆင်ဆာ အနေဖြင့်ကတော့ အခြားနိုင်ငံများအတိုင်း လိင်ကိစ္စကို ဖယ်၍ အပြစ်အခတ်များနှင့်အက်ရှင် ရုပ်ရှင်ကားများကို ကြည့်ကြရ တော့မည်ဖြစ်သည်။
ဤဘုရင်သားနည်းတူ ၁၉၄၃ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်းက ဆော်ဒီဘုရင်ကြီးက သူ့သား “Faisal” ကို ဖရန် ကလင်ရုစဘဲ့ နှင့် တွေ့ရန် စေလွှတ်ခဲ့ဘူးသည်။ ခေတ်နှင့် အခင်းအကျင်းက ကွာချင်တိုင်းကွာသည်။ နှစ်ပေါင်း များစွာ တိုင်အောင် ဆော်ဒီ မှ လာသမျှဧည့်သည်များမှာ မိမိကိုယ်တိုင်ကလည်း ရှင်းမပြတတ၊် နိုင်ငံတွင်းမှာ ဖြစ်ပျက်နေသည်တို့ကို ပြောဆိုဖို့ဝေးစွ၊ နိုင်ငံအကြောင်းကိုပင် စကားစ မခံတတ်ပေ။

ဘုရင့်သားသည် အမေရိကားသာမဟုတ် ဗြိတိန်သို့လည်း လည်ပတ်ခဲ့သေးသည်။ ဘုရင်မကြီးနှင့် ညစာအတူ စားခဲ့သည်။ သူသည် ဆော်ဒီအာရေးဗီးယားသို့ အပြောင်းအလဲကိုဆောင်ကျဉ်းလာသူဖြစ်ကြောင်း၊ မိန်းခလေးများဘဝကို မြှင့်တင်ပေး နေသူဖြစ်ကြောင့် ဆိုင်းဘုတ်ကြီးများဖြင့် ထောင်ပြကြသည်။ အမေရိကန်ပြီးလျင် ပြင်သစ်သို့သွားဦးမည်ဖြစ်သည်။

အမေရိကန်နှင့် နှစ်ပေါင်းများစွာကြာအောင်ဆက်ဆံခဲ့ရာတွင် ဆော်ဒီအာရေးဗီးယား ရေနံမြေကို အမေရိကန်တို့က အကာ အကွယ်ပေးရေး၊ သူ၏ရန်သူအီရန်တို့ရန်မှ ကာကွယ်ပေးရေးဖြစ်သည်။

ထိုဘုရင့်သား MBS မှာ ယီမင်နိုင်ငံတွင်ဗုံးကျဲချခြင်းကြောင့် လူ့အခွင့်အရေးဆိုင်ရာ ပုဂ္ဂိုလ်များက ဝေဖန်ပြစ်တင်နေကြသည်။ သူက ၂ဝဝ၁ ခုနှစ်စက်တင်ဘာ ၁၁ တွင် လေယာဉ်အနုကြမ်းစီးသူ ၁၉ ယောက်အနက် ၁၅ ယောက်မှာ ဆော်ဒီအာရေးဗီး ယားတွင် မွေးဖွားခဲ့သောသူများဖြစ်ရာ ရှင်းပြရန်ခက်ခဲနေသည်။

သူ့ခရီးစဉ်တလျှောက်လုံးတွင် ဟိုတယ်ခန်းများငှားရန်းရာ၌ ဒေသခံများကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။ လုံခြုံရေး တင်း ကြပ်စွာချထားမှုကြောင့် အများပြည်သူတို့ အနှောင့်အယှက်ဖြစ်ကြရသည်။ နယူးရော့ ပလာဇာ ဟိုတယ်တွင်အခန်းအားလုံးကို ဒေါ်လာသန်းချီ အကုန်ကျခံ၍ ငှါးရမ်းထားရသည်။ လောစ်အင်ဂျလီးစ်မြို့Four Seasons Hotelတွင်အခန်းအားလုံးငှားရမ်းသည်။ Palo Alto တွင် Four Seasons Hotelတစ်ခုလုံးငှါးရသည်။ ၎င်းတို့အနီးတွင် Google နှင့် Facebook တို့၏ ရုံးချုပ် များရှိသည်။

(၃)
ခေါင်းဆောင်ကြီးများနှင့် အောင်မြင်သောကုမ္ပဏီများ၏အလုပ်လုပ်ပုံကိုကြည့်လိုသူများက အမေရိကားသို့ လာနေကြသည်။ ရှီဂျင်ပင်း၊ ရှင်ဇိုအာဘေး၊ အိန္ဒိယမှ နီရန်ဒါ မိုဒီ၊ ဂျာမဏီမှမာကယ် စင်ကာပူမှ လီရှန်လုံး စသည်တို့မှာ ထင်ရှားသော ဥပမာ များဖြစ်ကြသည်။ သူတို့သည် ဝါရှင်တန်ကိုလာကြရင်း ဖြစ်သော်လည်း သူတို့ခရီးစဉ်များက ဆီလီကွန်တောင်ကြား (Silicon Valley) ကုမ္ပဏီများ၌ အချိန်ကုန်ခံပြီး လေ့လာလေ့ရှိကြသည်။ ကုမ္ပဏီစီအီးအိုများနှင့် ဆွေးနွေးကြသည်။

ထိုခရီးစဉ်များအတွင်း မိမိမသိရှိသေးသည့် နည်းစနစ်များအကြောင်းလေ့လာနိုင်သည့်နည်းတူ မိမိနိုင်ငံတွင်လို အပ်နေသော ပရောဂျက်များအတွက် အဆက်အသွယ်ကိုရှာကြရသည်။ ဆီလီကွန်တောင်ကြားတွင် အမေရိကန်တို့၏သည် ဈေးကွက်စီး ပွားရေးစနစ်၏အောင်မြင်မှုကို တွေ့ကြရသည်။ နိုင်ငံ၏စက်မှုလက်မှုတိုးတက်မှုကို အမေရိကန်ကုမ္ပဏီများက မည်သူ၏ဦး ဆောင်မှုကိုမှ ခံယူနေစရာမလိုဘဲ ဈေးကွက်၏ဆွဲဆောင်ရာနောက်သို့ လိုက်ရပုံကိုလေ့လာကြရခြင်းဖြစ်ပါသည်။

ဤနေရာသို့ အလည်အပါတ်လာရောက်ကြသော ခေါင်းဆောင်ကြီးများ၏ရင်ထဲတွင် သူတို့၏နိုင်ငံရင်းများတွင် ဆီလီကွန် တောင်ကြားမိုဒယ်ဖြင့် ကုမ္ပဏီများ၊ စက်ရုံများတည်ဆောက်လိုကြပေလိမ့်မည်။

ကိုသန်းလွင်
Ref: Oprah, Rupert Murdoch, Harvard: Saudi Prince’s US Tour, by Tim Arango New York Times April 6 2018


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts