Uncategorized

Naing Oo Nyo (Phoe Zero) – Poem

တမိုးလုံးဖျောက်ဆိပ်
နိုင်ဦးညို (ဖိုးဇီးရိုး)
သြဂုတ် ၃၀၊ ၂၀၁၃


တိုက်စစ်မှူး
ဆိုတာလည်း သူတို့၊
ကီးပလေယာ
ဆိုတာလည်း သူတို့၊
ပလေးမိတ်ကာ
ဆိုတာလည်း သူတို့၊
နောက်ချန်ခံစစ်မှူး
ဆိုတာလည်း သူတို့၊
ဂိုးကီပါ
ဆိုတာလည်း သူတို့၊
ဝီစီအလံကိုင်
ဆိုတာလည်း သူတို့၊
အုပ်ချုပ်နည်းပြ
ဆိုတာလည်း သူတို့၊
အဖွဲ့ချုပ်
ဆိုတာလည်း သူတို့၊
ကျုပ်တို့ကတော့
ငါးထောင်စား
ပွဲဆူပွဲဖျက်
ခုံရိုက်ချိုး
နကန်း
နပန်းလုံး
နလပိန်းတုံး
ပရိသတ်ကြီး၊

ဖြစ်ခဲ့ရပေါ့ဗျား ….။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts