စာအုပ်စင် ဇင်လင်း

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊ ၂၀၁၈

စာရေးဆရာ၊ သတင်းစာဆရာ၊ မိုးမခ၏ ပင်တိုင်ဆောင်းပါးရှင် ဇင်လင်းရဲ့ “စိန်ခေါ်မှုများနဲ့ စစ်ခင်းသူ” ဆောင်းပါးစာအုပ် မိုးမခက ထုတ်ပြီး ဆိပ်ကမ်းသာက ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ လွတ်လပ်ရေး ဒီမိုကရေစီရေး အရေးတော်ပုံသမိုင်းမှာ စွန့်လွှတ်စွန့်စားခဲ့ကြတဲ့ နိုင်ငံရေးသမားများအကြောင်းကို ၎င်းမြင်သိမှုကနေ ရေးသားထားတဲ့ဆောင်းပါးတွေ ဖြစ်ပါတယ်။ ဦးဝင်းတင်၊ ဦးတင်မိုး၊ ဗန်းမော်တင်အောင်၊ ဦးတင်မောင်ဝင်း(ခရမ်း)၊ ဦးခင်မောင်မြင့်၊ ဦးလှသန်း၊ ဆရာတော်ဦးဥတ္တမ၊ ဦးမောင်ကို၊ ဦးဝံသ၊ ကိုစည်သူနဲ့ ဒီမိုကရေစီအရေးတော်ပုံ အမှတ်တရနေ့ရက်များကို ထုတ်ဖော် ရေးသားထားတာ ဖြစ်ပါတယ်။

ဆရာကျော်ရင်မြင့်ကတော့ သူ့အမှာစာမှာ – တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြသူ၊ စစ်အာဏာရှင်တွေကို အညံ့မခံဘဲ အသက်နဲ့ရင်းပြီး အာခံခဲ့ကြသူ သူရဲကောင်းတွေအကြောင်း ရေးသားထားတဲ့ စာအုပ်လို့ ပြောထားပါတယ်။ ဆရာထင်အောင်ကျော်ကတော့ သူ့အမှာစာမှာ – ထိုပုဂ္ဂိုလ်ထူးများ၏ တူညီသော ၀ိသေသတချို့ကို ဖောက်သည်ချပြထားပါတယ်။ … ” သည်လိုပုဂ္ဂိုလ်ထူးများသည် မာန်မာနထောင်လွှားသူများ မဟုတ်ကြချေ၊ သူတို့တတွေသည် နောက်ကြောင်းရှင်းသူများ ဖြစ်ကြသည်၊ တကိုယ်ရေးကောင်းစားရေးအတွက် ပြည်သူကို သစ္စာဖောက်ပြီး မင်းလိုလိုက် မင်းကြိုက်ဆောင်ခဲ့ခြင်းမျိုး သူတို့သမိုင်းမှာ မတွေ့ရပါ” တဲ့။

ဇင်လင်းက သူ့စာအုပ်ကို ရည်ညွန်းရာမှာတော့ – နိုင်ငံရေးအကျဉ်းသားခင်ပွန်းသည်အား ပါရမီဖြည့်ခဲ့သော ဇနီးဖြစ်သူ ‘မေတင်နွဲ့ (စာကြည့်တိုက်ပညာ)’ သို့ ရည်ညွှန်းပါသည် လို့ ဖော်ပြထားပါတယ်။

ပထမအကြိမ်၊ ဒီဇင်ဘာ ၂၀၁၈၊ အုပ်ရေ ၇၀၀၊ တန်ဖိုး ၃ထောင် ကျပ်၊ စာမျက်နှာ ၁၅၀
မိုးမခစာအုပ်တိုက်က ထုတ်ဝေပြီး
ဆိပ်ကမ်းသာစာပေက တပြည်လုံးကို ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။

ကြိုတင်မှာယူရန်အတွက် –
ဆိပ်ကမ်းသာစာပေ – အမှတ် ၁၃ / ၃၈ လမ်း။ ပလာဇာဈေးသစ် ။ ၀၉ ၇၈၆၈၃၇ ၃၀၅ / ၀၉ ၉၆၃၆၉၉၈၃၄ ကို ဆက်သွယ်ပါ။

တအုပ်ချင်း မှာယူသူများ ၁၀% ဈေးလျော့ပေးပြီး စာတိုက်ပို့ခကို မှာယူသူက ကျခံပေးရပါမယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts