K ငြိမ်းချမ်း သတင်းပဒေသာ

ခင်ဝမ်း၊ ခင်မောင်ရင်၊ မောင်ဒီ အပါအ၀င် မော်ဒန်လက်ရာများနဲ့ Myanmar Modernist Salon: A Collection ပန်းချီပြပွဲ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ခင်ဝမ်း၊ ခင်မောင်ရင်၊ မောင်ဒီ အပါအ၀င် မော်ဒန်လက်ရာများနဲ့ Myanmar Modernist Salon: A Collection ပန်းချီပြပွဲ

K (မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၈

မြန်မာအတ်(ထ်) အနုပညာပြခန်းက စီစဉ်ကျင်းပပြီး ခေတ်ပေါ်ပန်းချီဆရာ အကျော်အမော်များရဲ့ ပန်းချီလက်ရာများကိုပြသမယ့် Myanmar Modernist Salon: A Collection ပန်း ချီပြပွဲကို ရန်ကုန်မြို့ဘိုကလေးဈေးလမ်း၊ အမှတ်(၉၈) တတိယထပ်ရှိ Myanm/art ဂယ်လာရီမှာ အောက်တိုဘာ ၁၃ရက်နေ့ ညနေ ၆နာရီမှာဖွင့်ပွဲပြုလုပ်ပြီး အောက်တိုဘာ ၂၂ ရက်ထိ ပြသသွားမယ်လို့သိရပါတယ်။

အဆိုပါ ပန်းချီပြပွဲမှာ ပါဝင်ပြသတဲ့ ပန်းချီဆရာများကတော့ ခင်ဝမ်း၊ ခင်မောင်ရင်၊ မောင်ဒီ၊ ၀င်းဖေ၊ ၀င်းဖေမြင့်၊ မုတ်သုန်၊ စိုးနိုင်၊ ဧကစာချို၊ မြတ်ကျော့၊ ဘမိုး၊ ချမ်းအေး၊ မြင့်စိုး တို့ဖြစ်ပြီး ၁၀ရက်တိုင်တိုင်ပြသသွားမယ်လို့သိရပါတယ်။

ပြပွဲပြုလုပ်ရခြင်းနဲ့ပတ်သက်ပြီး Myanm/art ပေ့မှာလည်း “လေးစားရသော ခေတ်ပေါ်ပန်းချီဆရာအကျော်အမော်များ၏ ကိုယ်ပိုင်စုဆောင်းထားသောလက်ရာများအား ပရိတ် သတ်ရှေ့မှောက်သို့ ပို့ဆောင်ပြသခွင့်ရသည့်တွက် အလွန်ကျေနပ်ဝမ်းမြောက်မိပါသည်။ အနုပညာရှင်ကြီးများ၏ စုတ်ချက်လက်ရာများ၊ ခံစားပုံဖော်မှုများ၊ မိမိနိုင်ငံ၏ အမှတ် လက္ခ္ခဏာနှင့်သင်္ကေတများအား ဖော်ထုတ်ပြသမှုများအပြင် မြန်မာ့အနုပညာဖွံ့ဖြိုးတိုးတတ်စေလိုသော ပြင်းပြသော စိတ်ဆန္ဒများနှင့်အတူ အနာဂတ်အနုပညာရှင်များတွက် လမ်းကြောင်းများ ဖန်တီး ပုံဖော်ပေးနေသော မြန်မာ့အနုပညာရှင်အဖွဲ့ တစ်ဖွဲ့မှ ယခုပြပွဲအား စီစဉ်ကျင်းပခြင်း ဖြစ်ပါသည်။

Myanmar Modernist Salon သည် ကုန်လွန်ခဲ့သော အရာများအား ရည်စူး၍ ပြသသော ပြပွဲတစ်ခုပင် ဖြစ်ပါသည်။ အနုပညာလက်ရာရောင်းဝယ်ခြင်းများတွင် ရန်ပုံငွေများ မြင့်တက်လာစေရန် ပြပွဲရှိ အနုပညာလက်ရာများအားလုံးအားလုံးအား ရောင်းချသွားမည်ဖြစ်ပါသည်။ သမိုင်း၏သင်္ကေတလက္ခဏများဖြင့် ပြည့်နှက်နေသော ယခုပြပွဲအား တတ်ရောက်ဖို့ရန် ဖိတ်ခေါ်အပ်ပါတယ်”လို့ပြောဆိုထားပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts