K ငြိမ်းချမ်း သတင်းပဒေသာ

အမေရိကန်တက္ကသိုလ်များပညာရေးပြပွဲ ဆူးလေ ရှန်ဂရီလာမှာ ပြုလုပ်မယ်


အမေရိကန်တက္ကသိုလ်များပညာရေးပြပွဲ ဆူးလေ ရှန်ဂရီလာမှာ ပြုလုပ်မယ်
K (မိုးမခ) ဇွန် ၃၀၊ ၂၀၁၈

Connect University မှ ဦးစီးဆောင်ရွက်ကျင်းပတဲ့ အမေရိကန်တက္ကသိုလ်များပညာရေးပြပွဲကို ရန်ကုန်မြို့ Sule Shangri-La Hotel၊ရှိ Level 1၊ Bago Room တွင် ဇူလိုင် ၁ ရက်နေ့ နံနက် ၁ဝ:ဝဝ နာရီ မှ ၁၂နာရီထိကျင်းပ ပြုလုပ် သွားမယ်လို့သိရပါတယ်။

အဆိုပါ ပညာရေးပြပွဲမှာ ကယ်လီဖိုးနီးယားပြည်နယ်၊ နယူးယောက်ပြည်နယ်၊ မေရီလန်းပြည်နယ် အမေရိကန်အစိုးရ တက္ကသိုလ်များမှ ကျောင်းဝင်ခွင့် အရာရှိများ၊ Alumni ကျောင်းသူ၊ ကျောင်းသားများ လာရောက်ခင်းကျင်းပြသသွားမှာ ဖြစ်ပြီး အမေရိကန်ပညာရေးနှင့် မေဂျာရွေးချယ်မှု၊ ကုန်ကျစရိတ်၊ ဝင်ခွင့်ဖြေဆိုခြင်း၊ Scholarship၊ ကျောင်းသား အသင်း အဖွဲ့များ အစရှိသော အကြောင်းအရာများ၊ Undergraduates များအတွက် မိမိလေ့လာလိုသော မေဂျာဘာသာရပ်ပေါင်း စုံကို တိုင်ပင်ဆွေးနွေးနိုင်တယ်လို့သိရပါတယ်။

အခမ်းအနားအစီအစဉ်အရ ဟောပြောပို့ချမှုမှာ နံနက် ၁ဝ:ဝဝ နာရီ မှ ၁၁:ဝဝ နာရီမှာ(အမေရိကန်ပညာရေး၊ ၂ + ၂ ပရို ဂရမ်နှင့် ပညာသင်ဆုများအကြောင်း)၊ နံနက် ၁၁:ဝဝ နာရီ မှ ၁၂:ဝဝ နာရီ (အမေရိကန်တက္ကသိုလ်များမှ အရာရှိများ၊ ကိုယ်စားလှယ်ကျောင်းသူ၊ ကျောင်းသားများဖြင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် ဝင်ခွင့်များလျှောက်ထားခြင်း)တို့ပါဝင်တယ် လို့လည်း သိရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts