K ငြိမ်းချမ်း သတင်းပဒေသာ

ဦးဖိုးထင်(ခ) ကဗျာဆရာ မောင်ကျော်ထင် ကွယ်လွန်ခြင်း ၁၉ နှစ်ပြည့် ဇွန် ၁၆ရက်မှာ ပြုလုပ်မယ်

၁၉၆၁-၆၂ ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂ ဥက္ကဌဟောင်း ဦးဖိုးထင်(ခ) ကဗျာဆရာ မောင်ကျော်ထင် ကွယ်လွန်ခြင်း ၁၉ နှစ်ပြည့် ဇွန် ၁၆ရက်မှာ ပြုလုပ်မယ်
K (မိုးမခ) ဇွန် ၁၅၊ ၂၀၁၈

၁၉၆၁-၆၂ ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂ ဥက္ကဌ ဦးဖိုးထင်(ခ) ရဲဘော်ကျော်ခန့်(ကဗျာဆရာ မောင်ကျော်ထင်) ကွယ် လွန်ခြင်း ၁၉ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ကျန်ရစ်သူမိသားစုဝင်များနဲ့စာပေလောကသားများကနေ ကြီးမှူးပြီး ရန်ကုန်မြို့ အင်းစိန်မြို့နယ်၊ မင်းကြီးလမ်း၊ အမှတ် (၂၇၅)ရှိ နေအိမ်မှာ ဇွန်လ ၁၆ရက် နံနက် ၁၁နာရီမှ နေ့လယ် ၁နာရီ ထိ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ကဗျာဆရာ မောင်ကျော်ထင်(ခ)ဦးဖိုးထင်ဟာ ၁၉၆၁-၆၂ ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂ ဥက္ကဌအဖြစ်လည်းကောင်း ကဗျာဆရာကြီး ဒဂုန်တာရာ၊ နေသွေးနီ၊ မောင်လေးအောင်၊ မောင်သင်းခိုင်၊ မင်းလှညွှန့်ကြူး အစရှိသူတို့ ၁၉၆၃ခု၊ ဇွန်လ မှာ ဖွဲ့စည်းထူထောင်ခဲ့တဲ့ မြန်မာနိုင်ငံကဗျာဆရာသမဂ္ဂ ဗဟိုဦးစီးအဖွဲ့ ကော်မတီဝင်တယောက်အဖြစ်လည်း ဆောင်ရွက်ခဲ့ ပါတယ်။

၁၉၆၃ပြည်တွင်းငြိမ်းချမ်းရေး ပျက်သွားပြီးနောက် တောခိုခဲ့ပြီး ၁၉၆၉ခုနှစ်ရောက်မှ ပြည်တွင်း တရားဝင် ပြန်လည်ဝင် ရောက်၊ ၁၉၇၈ ခုနှစ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ၊ ၁၉၈၈ ခုနှစ်မှာ တိုးတက်သောဗမာပြည်သစ်ပါတီ ဥက္ကဌအဖြစ်တာဝန် ယူခဲ့ပါတယ်။

ကဗျာဆရာ မောင်ကျော်ထင်နဲ့ပတ်သက်ပြီး ထိတွေ့ရင်းနှီးခဲ့ဖူးတဲ့ ကဗျာဆရာကြီး မောင်သင်းခိုင်မှာလည်း “ ရဲဘော်ဖိုးထင် ကွယ်လွန်ခဲ့တာ ၁၉နှစ်ပြည့်ခဲ့ပေမယ့် ရဲဘော်ဖိုးထင်ရဲ့လှပတဲ့ယုံကြည်ချက်တွေဟာ နှစ်ပေါင်းရာထောင် လှပနေတုန်းပါ ပဲ” လို့လွမ်းဆွတ်ထားပါတယ်။

ကဗျာဆရာ(ဦး) ညွှန့်သစ်ကလည်း“ရဲဘော်ကြီး ကိုဖိုးထင်ရေ ကျနော်တို့တိုင်းပြည်က ဒီမိုကရေစီခေတ်ဆိုပေမယ့် အခုထိ သိပ်မပြောင်းလဲသေးဘူး။ ခင်ဗျား အသက်ထင်ရှား ရှိနေရင် သိပ်ကောင်းမှာပဲ။ အခု ခင်ဗျားကွယ်လွန်တာ ၁၉ နှစ်ပြည့်ခဲ့ ပြီ။ လာမယ့်အနှစ် ၁၉၀ ထိ မှတ်မှတ်ရရရှိနေဦးမှာပါ”လို့ ပြောပြပါတယ်။

ကဗျာဆရာ မောင်ကျော်ထင်ကို ၁၉၃၇ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၉၉၉၊ ဇွန်လ ၉ ရက် အသက် ၆၂နှစ်အရွယ်မှာ ကွယ် လွန်ခဲ့ပါတယ်။ ဇနီး ဒေါ်လှစိန်၊ သားသုံးယောက်၊ သမီးနှစ်ယောက် မြေး လေးယောက်ကျန်ရစ်ခဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts