ကဗျာ မြန်မာပြည်တွင်း

ကမ်လူဝေး – ဂျိုကာတဲ့လား


ဂျိုကာတဲ့လား
ကမ်လူဝေး
(မိုးမခ) မတ် ၁၅၊ ၂၀၁၈

သက်​ငယ်​မုဒိမ်းသမားလို့ စွပ်​စွဲခံရတာလဲ မင်း

က​လေးသူငယ်​​စောင့်​​ရှောက်​​ရေးလို့
လက်​သီးလက်​​မောင်းတန်းပြတာလဲမင်း။
ငြိမ်းချမ်း​ရေးကဗျာ​တွေ​ ​ရေး
လူ​တွေကြားထဲ ရွတ်​ဆိုပြခဲ့တာ မင်း
တပ်​မ​တော်​ကြီးကို ​ထောက်​ခံ
တရား​သောစစ်​ အား​ပေးပါလို့
ဆော်​သြ ​တော့လဲ မင်း။
မုဒိမ်းသမားနဲ့ အရက်​ထိုင်​​သောက်​တာလဲမင်း
မုဒိမ်းသမား​သေဒဏ်​​ပေးပါ ​ကြွေး​ကြော်​တာလဲ မင်း။
နေရာတကာ ကပ်​ချင်​တဲ့​နေရာကပ်
အလုပ်​ဖြစ်​တဲ့ဂျိုကာလိုဖဲချပ်​လို့များ
မင်းကိုယ်​မင်းအထင်​မှား​နေသလား
ဆိတ်​​ပေါင်​ကြားထဲက​ကောင်​​ရေ။    ။
     ကမ်​လူ​ဝေး

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts