ကဗျာ

ခက်သီ ● ဖြေရှင်းမပေးဘူး ဖြိုခွဲပစ်လိုက်ပြီ

ခက်သီ ● ဖြေရှင်းမပေးဘူး ဖြိုခွဲပစ်လိုက်ပြီ
(မိုးမခ) သြဂတ်စ် ၇၊ ၂၀၁၇

အိပ်ချင်မူးတူး သိကြားရုပ်မှတ်လို့ဆွဲတာ
ဘီလူးရုပ်ထွက်လာတယ်
ဖြေရှင်းမပေးဘူး ဖြိုခွဲပစ်လိုက်ပြီ။

ကျားစွယ်ကို သွားတိုက်ဖို့
ကျားလျာကို ဓာတ်ခွဲဖို့
ကျားခံတွင်းကို ခေါင်းထိုးဝင်ပေးရမှာလား
ကျားသေကို အသက်သွင်းလို့
ဖြေရှင်းမပေးဘူး ဖြိုခွဲပစ်လိုက်ပြီ။

မြေကမွေးသူတွေ ဓားမတို ခါးကြားညှပ်လို့
လေကမွေးသူတွေ စင်ပေါ်မှာ ဒိုင်ယာလော့တွေခြွေလို့
မီးကမွေးသူတွေ သေနတ်ပြောင်းဝကို တိုက်ချွတ်ဆေးကြောလို့
ရေကမွေးသူတွေ ဘယ်အရာနဲ့မဆိုရောနှောဖျော်စပ်လို့
ဖြေရှင်းမပေးဘူး ဖြိုခွဲပစ်လိုက်ပြီ။

ဖြေရှင်းမပေးဘူး ဖြိုခွဲပစ်လိုက်ပြီ
ဖြေရှင်းမပေးဘူး ဖြိုခွဲပစ်လိုက်ပြီ
၂၀၀၈ တုန်း ရေတွေကြီးတယ် လေတွေထန်တယ် ငရဲပွတ်သလို
အခုကျတော့ ရေတွေကြီးတယ် မိုးမီးလောင်တယ် နင်းပြားက နင်းပြားပဲ
နာဂစ်ကနေ ဆွဲဆန့်ကြည့်လိုက် အခုလည်း နာဂစ်ပဲ
ဖြေရှင်းမပေးဘူး ဖြိုခွဲပစ်လိုက်ပြီ။ ။

ခက်သီ
၂၈.၇.၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts