ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ ● ပစ်မှတ်ဟာ ကိုက်တရာအကွာအဝေးမှာ


ဆောင်းယွန်းလ ● ပစ်မှတ်ဟာ ကိုက်တရာအကွာအဝေးမှာ
(မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၇

ကြော်ငြာအားကောင်းတဲ့ ရှုခင်းတွေထဲမှာ
ကိုယ့်ကိုကိုယ် မျက်နှာမွဲတယောက်ပါလို့
ကြေညာစရာ သတင်းဌာနမရှိ။

စာသားတွေ အပြည့်နဲ့
ဗလာစာအုပ်ထဲကို
အချိန်တွေထိုးထည့်နေရတာကြာတော့
ထွက်ပေါက်ဟာ
ကိုယ့်စိတ်ကို အဖန်ဖန်လိုက်ရှာတယ်။

ကြိုက်စရာလည်း မရှိ
လိုက်စရာလည်း မရှိ
အားနာခြင်းကို တိတိရိရိဖြတ်နိုင်တဲ့နေ့မှာ
ကိုယ့်အခန်းကလေးဟာ သာသာယာယာပါပဲ။

ဝင်ပေါက်ကို
လက်ဖြောင့်တပ်သားတယောက်လို
အကောင်းဆုံး ရှာဖွေတွေ့သွားတဲ့အခါ
အိမ်ပြန်ချိန်တွေလည်း နောက်မကျတော့ပါ။

ဆောင်းယွန်းလ (ဇူလိုင်လ ၂၂၊ ၂၀၁၇)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts