လူဝင်စားပုံပြင်
မင်းငြိမ်းအေး
(မိုးမခ) ဇူလိုင်၊ ၂၀၁၇
“လ”သာ
နေလိုလင်းရင်
ညဆိုတာမရှိဘူး ။
နေလိုလင်းရင်
ညဆိုတာမရှိဘူး ။
အမှောင်ချထားတဲ့တိုက်ထဲက
ဘယ်သူမှန်းမသိဘူး
အိပ်မက်လာပေးတယ် ။
ဘယ်သူမှန်းမသိဘူး
အိပ်မက်လာပေးတယ် ။
သူတို့
အမျှဝေခဲ့ပါတယ်
တိုင်းပြည်ကမကျွတ်မလွတ် ။