ကဗျာ

စိုင်းဝင်းမြင့် ● လူငယ်လေးတဦးသို့ (၇)

စိုင်းဝင်းမြင့် ● လူငယ်လေးတဦးသို့ (၇)
(မိုးမခ) ဧပြီ ၆၊ ၂၀၁၇

ဘယ်လိုလဲ ဆိုတော့ ဒီလိုပါပဲ
ဒီလိုပါပဲဆိုတာ ဘယ်လိုလဲ ဆိုတော့
ငါလည်း ဘာပြောတတ်တော့မှာလဲပေါ့

ဘာဖြစ်ဖြစ်
ဖြစ်သလိုနေခဲ့ပြီး
သေတော့ အဝေးမှာ သွားသေတယ်
ဒီတခါလည်း ကိုယ်သေတယ်

ပျော်ပြီးရင်
အပျော်ကျန်ရမယ်
ဇောက်ထိုးပျံလည်း
ဘယ်ငှက်မှ အရိပ်မကျန်
ကံအကြောင်းတရား
ဘယ်ဘဝကိုမှ အပျော်ကြံလို့မရ

နေ့ထဲ အရိပ်ရ
ညထဲ မွှေးမြ
ဥသြအော်
လွမ်းတေးမျှ

ငါမချစ်တတ်တော့ ပိုလွမ်းရတယ်
အပျော်ဆိုတာ ဒီလိုလားပေါ့ ကြေကွဲရတယ် ။   ။

စိုင်းဝင်းမြင့်
၁ ၂ ၂၀၁၇

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts