ကဗျာ မောင်စွမ်းရည်

ဟေမာန်လင်း – နှစ် ၈၀

 

ဟေမာန်လင်း – နှစ် ၈၀

(မိုးမခ) ဖေဖော်ဝါရီ ၁၉ ၊ ၂၀၁၇

ကန်ဆင့်တောင် နဲ့ မြောက်

ကိုယ့်ရွာကိုယ်စွဲ

နှစ်ခုကွဲနေပေမယ့်

‘မောင်စွမ်းရည်’ကိုတော့ ဘုံပိုင်

ကျုပ်တို့ ဂုဏ်ပြိုင်ယူကြတယ်။

တစ်ဝမ်းကွဲ
နှစ်ဝမ်းကွဲ
သုံး လေး ငါးဝမ်း
ဘယ်လောက်များကွဲလဲ

သူ့မြေး သူ့တူ
သူ့ရွာသူ သူ့ရွာသားရယ်လို့
ခေါင်းမော့ ဂုဏ်ဖော်
မျက်နှာပန်းလှသနော်။

လှပေမယ်ပေါ့
ရာဇဝင်ကြည့်လေ
သူ့ကဗျာ သူ့စာ
သူ့ကလောင်သွားနဲ့
ဖယ်ရှားဝေဖန်
စာပေဖောက်ပြန်ရေးကို
တော်လှန်ခဲ့။

အလှူရေစက်
လက်နက် မကွာသူတွေကြား
အတွေးရဲရဲ
အရေးရဲရဲနဲ့
အာဏာရှင်စနစ်ဆိုး
မကြီးစိုးဖို့ ပုန်ကန်
ပုန်ကန်တဲ့ စာပေသမားကိုး။

သမိုင်းပေးတာဝန်လည်း
သူ့ပခုံးနဲ့ထမ်း
လှမ်းခဲ့တဲ့လမ်း မှာ
ခိုင်မြဲတဲ့ ဓိဋ္ဌာန်နဲ့
မယိုင်နဲ့ခဲ့
မယိုင်လဲတဲ့
ကျုပ်တို့ရွာရဲ့
ဂုဏ်ဆောင်လမ်းပြ
လေးစားအားကျရတဲ့
နှစ်ရှစ်ဆယ် ရတနာဟာ
‘မောင်စွမ်းရည်’ပါ။ ။

(မောင်စွမ်းရည်ရဲ့မြေး) ဟေမာန်လင်း
၃၀၊ ၁၊ ၂၀၁၇။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts