စာအုပ်စင်

Aung Din 1st Poem book after 30 years of poem writing

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ကဗျာရေးသက် နှစ် သုံးဆယ် ရှိပြီဆိုတဲ့ “အောင်ဒင်” ပထမဆုံး ကဗျာစာအုပ်ထုတ်မယ် တဲ့ 
မိုးမခစာအုပ်စင်၊ အောက်တိုဘာ ၉၊ ၂၀၁၃

          ကဗျာရေးသက် နှစ် ၃၀ ကျော်အတွင်း ပထမဆုံးအနေနဲ့ ၂၀၀၀ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း ရေးဖြစ်ခဲ့တဲ့ ကဗျာအချို့ကို “ရန်ကုန် ငြိမ်းချမ်းရေး ကဗျာစု” အမည်နဲ့ စာအုပ်ထုတ်ဖို့ စီစဉ်နေပါတယ်။ ကိုကိုကြီး တည်ထောင်တဲ့ ကေကျု (KQ) စာအုပ်တိုက်က ထုတ်ဝေမှာဖြစ်ပြီး စီစဉ်ပေးသူက ကိုသက်ဇော်ပါ၊ အောက်တိုဘာလကုန်မှာ စတင်ဖြန့်ချိပါလိမ့်မယ်။  မျက်နှာဖုံးပန်းချီဒီဇိုင်းကို ကိုမုတ်သုန်က ရေးဆွဲပေးပြီး အတွင်းပုံများကို ကိုမောင်နိုး နဲ့ ကိုစိုးနိုင်တို့ ရေးဆွဲပေးကြပါတယ်၊ အမှာစာများကို ကိုရဲ (သစ္စာနီ) နဲ့ ကိုသိန်းဇော် (မန္တလေးသိန်းဇော်) တို့က ချီးမြှင့်ပေးကြပါတယ်၊… လို့ ကဗျာဆရာက ကြေညာထားပါတယ်။။
          ကဗျာရေးတဲ့ အောင်ဒင် ဆိုတာ … မိုးမခမှာလည်း နိုင်ငံရေးဆိုင်ရာ ဆောင်းပါးတွေရေးတဲ့ ‘အောင်ဒင်’ ပါပဲ။ လွန်ခဲ့တဲ့ နှစ် ၃၀ က သူ့ကလောင်နံမယ်တခုကတော့ ‘ဒတ္ထ’ လို့ သိရပါတယ်။ ဒတ္ထ တုန်းက ရေးတဲ့ ကဗျာတွေ မဟုတ်ဘဲ ‘အောင်ဒင်’ ဖြစ်မှ ရေးတာဆိုရင်တော့ ကဗျာဆရာ အောင်ဒင်ရဲ့ ကဗျာရေးသက်က ၁၃ နှစ်ပဲ ရှိဦးမယ်လို့ စောဒက တက်နိုင်မယ် ထင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts