ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ – “နှစ်ဆယ့်ရှစ်နှစ်တံဆိပ်နဲ့ အင်္ကျီ”

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဆောင်းယွန်းလ – “နှစ်ဆယ့်ရှစ်နှစ်တံဆိပ်နဲ့ အင်္ကျီ”
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၆

တချို့နေရာတွေက ကွဲကုန်ကြပြီး
တချို့နေရာတွေကတော့ ပြဲကုန်ကြပြီ။

တချို့နေရာတွေက ချုပ်ရိုးတွေပြုတ်ပြီး
တချို့နေရာတွေက အသားဆွေး လောက်တွေဖွေးခဲ့ပြီ။

တချို့နေရာတွေမှာ အဖာအထေးတွေများလာခဲ့ပြီး
တချို့နေရာတွေမှာတော့ အနာဖေးတွေများလာခဲ့ပြီ။

အဲဒီ နှစ်ဆယ့်ရှစ်နှစ်တံဆိပ်နဲ့ အင်္ကျီကိုပဲ
တချို့က ကျည်ကာအင်္ကျီတထည်လို ဝတ်ထားကြပြီး
တချို့က ဆုတ်ဖြဲပြီး မီးရှို့ဖျက်ဆီးပစ်လိုက်ကြပြီ။

အဲဒီ နှစ်ဆယ့်ရှစ်နှစ် အင်္ကျီကိုပဲ
တချို့က သေတ္တာထဲ ခေါက်သိမ်းထည့်ထားပြီး
တချို့က အပြစ်အနာရှာပြီး တံဆိပ်ခွာခဲ့ကြပြီ။

အဲဒီ နှစ်ဆယ့်ရှစ်နှစ် အင်္ကျီကိုပဲ
တချို့က အမြတ်အစွန်းနဲ့ လေလံတင် ရောင်းလိုက်ကြပြီး
တချို့က ရက်လည်ဆွမ်းသွပ် အမျှဝေလိုက်ကြပြီ။

ငါတို့မှာသာ
အဲဒီ ဟောင်းနွမ်းသွားတဲ့ အင်္ကျီလေးရဲ့ တံဆိပ်ကို
လမ်းသွားတိုင်း အပြင်ဘက်ထုတ်ဝတ်ထားကြရင်း
သတင်းကြီးတဲ့ မင်းသမီးရဲ့ ဇာတ်သိမ်းခန်းကို
ကန္တာရထဲမှာ မိုးမျှော်သလို မျှော်ခဲ့ကြ…။

ဆောင်းယွန်းလ (အောက်တိုဘာ ၃၁ရက်၊ ၂၀၁၆)
ကျောင်းသားတပ်မတော် (မကဒတ) ဖွဲ့စည်းခဲ့ခြင်း ၂၈နှစ်မြောက်အတွက် အမှတ်တရ ရေးဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts