ကဗျာ

ကြည်မောင်သန်း ● အသည်းကွဲပြီးနောက် သတင်းစကား

ကြည်မောင်သန်း ● အသည်းကွဲပြီးနောက် သတင်းစကား
(မိုးမခ ပြန်လည်ဆန်းသစ်ခြင်း)

(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၁၆


ကဗျာဆရာ လှသန်း (ခေါ်) ကြည်မောင်သန်း (၁၉၆၃-၂၀၁၁)
(အောက်တိုဘာ ၂၂ ကွယ်လွန် ၅ နှစ်ပြည့်)
………


ခင်ဗျားတို့ဟာ
သကြားလုံးတလုံးရဲ့
အချိုဆုံးစက္ကန့်ကို ဆွဲဆန့်ချင်သူတွေပဲ။

ဟိုတနေ့က
သူမနဲ့တွေ့ပြန်တော့
အရောင်းစာရေးဆန်ဆန် မေးပါတယ်
“ဘာကို အလိုရှိလဲ …” တဲ့
လေကောင်းလေသန့်လို့ ဆိုရင်
အံ့သြနေကြလိမ့်မယ်။

အလို ….
ဘယ်လိုဂီတပါလိမ့်
မင်ရည်ကျဲသွားတဲ့ ဒိုင်ယာရီဆိုပါလား
သူတို့ဟာ ကျွန်တော့်ကော်ဖီထဲက မလိုင်ပါ
ဂုဏ်ယူလိုက်စမ်းပါ ကိုယ့်လူရေ။

သြော် …. ဒါနဲ့
သင့်အိမ်ရဲ့ နံရံပေါ်မှာ
ပြက္ခဒိန်တခု အသံဝင်နေတာ
ဘယ်လောက်ကြာပြီလဲ။           ။

ကြည်မောင်သန်း
ဇန်န၀ါရီ ၁၉၉၀
ရနံ့သစ်

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts