မြန်မာအကျဉ်းထောင်စနစ် ပြောင်းလဲဖို့ အစီရင်ခံစာ ထုတ်ပြန်
(ဌေးအောင်၊ မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၁၆
မြန်မာနိုင်ငံ၏ အကျဉ်းထောင်အခြေအနေနှင့် အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေး အလားအလာများနှင့်ပတ်သက်သည့် အစီရင်ခံစာထုတ်ပြန်ပွဲအား ယနေ့ (၂၅.၉.၂၀၁၆) တနင်္ဂနွေနေ့  နေ့ လည်(၂)နာရီတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ဗဟန်းမြို့ နယ်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင်ကျင်းပရာ အဖွဲ့ အစည်းအသီးသီးမှ စိတ်ဝင်စားသူ(၁၀၀)ကျော် တက်ရောက်ခဲ့ပြီး အကျဉ်းသားများနှင့် အကျဉ်းထောင်အခြေအနေများအကြောင်း ဆွေးနွေးဖလှယ်ခဲ့ကြကြောင်းသတင်းရရှိပါသည်။
ဓာတ်ပုံ-ဌေးအောင်
ဗိုလ်နေဝင်းအာဏာသိမ်းပြီးစ ၁၉၆၂ ကတည်းကဖျက်ပစ်ခဲ့တဲ့ တရားရေးဝန်ကြီးဌာနကိုပြန်လည်ဖွဲ့စည်းရပါမယ်။ ဒီမိုကရေစီနိုင်ငံတိုင်းမှာ Ministry of Judicial Affairs ရှိပြီး အကျဉ်းထောင်တွေ၊ တရားရုံးတွေနဲ့ မြို့နယ်၊ ခရိုင်၊ တိုင်း၊ အုပ်ချုပ်ရေးတွေဟာ တရားရေးဝန်ကြီးဌာနလက်အောက်မှာရှိရပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှာမရှိပါ။
ဦးနုအစိးရလက်ထက်ကလုပ်ခဲ့တဲ့ “စံပြထောင်စီမံကိန်း”တွေအောင်မြင်ခဲ့ပါတယ်။ ဆရာကြီးဒဂုန်ရွှေမျှားရေးသွားခဲ့တဲ့ “မှတ်မိပါသေးတယ် ပြည်မြို့အကျဉ်းထောင်ဝယ်”မှာဖတ်ကြည့်ပါ။