ကဗျာ

ဇေမှိုင်း ● တဆင့်စီ .. တဆင့်စီ … တထပ်စီ …တထပ်စီ….ပခုံးပေါ်မှာ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဇေမှိုင်း ● တဆင့်စီ .. တဆင့်စီ … တထပ်စီ …တထပ်စီ….ပခုံးပေါ်မှာ
(မိုးမခ) ဇွန် ၁၃၊ ၂၀၁၆

နင့်နင့် နဲနဲကြီး
ချစ်ခဲ့ကြ
နောက်ထပ် အစာအိမ်တခုရှိခဲ့ကြသေးရင်တောင်
ဖောက်ထုတ်ပေးကြမယ့်သူတွေလေ…….

နောက်ဆုံး
အပ်တပေါက်စာတောင်
ဘဝအတွက် ယူမသွားရက်ခဲ့ကြ
ဝေငှသွားသူတွေ

သည်တနွေ ခေါင်လွန်းပါတယ်အမေ
ပြောခဲ့လေသမျှက
ဘဝများစွာရဲ့ဘဝများစွာမှာ……

အင်း….
မင်းတို့ကတော့ပြုံးပြီးပြောမှာပေါ့
အပ်ကြောင်းထပ် ငိုချင်းလို့
တို့မှာတော့
တထပ်ပြီးတထပ် ဆင့်ဆင့်ထပ်လို့
ထမင်း တထပ်တက်
ကျောခင်းစရာ အရပ်တောင် ပျောက်ရှနေရပုံ………..။

ဇေမှိုင်း

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts