ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ ● အငွေ့

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles


ဆောင်းယွန်းလ ● အငွေ့
(မိုးမခ) မေ ၁၈၊ ၂၀၁၆

ဖြူ နီ ၀ါ ပြာ
အရောင်မကွဲသေးတဲ့
အလင်းမှန်း အမှောင်မှန်းမသိသေးတဲ့ ကမ္ဘာကို
တနေရာရာမှာ စတွေ့ခဲ့ဖူးတယ်…

လျာဖျားမှာ တွေ့မိတဲ့
နို့တစက် အရသာကို
ချိုချဉ်ဖန်ခါး မခွဲခြားတတ်ခဲ့သေးပေမယ့်
အော်ဟစ်ငိုကြွေးတိုင်း အရသာတဲ့ အရသာမို့
တပ်မက်ခြင်းမှာ အိပ်မောကျရင်း ရွေ့ခဲ့တယ်…

အတွေ့နဲ့ အရွေ့ဟာ
နောက်ဆုံးမှာတော့ အငွေ့ပါပဲ…။

ဆောင်းယွန်းလ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts