About MoeMaKa

မိုးမခ မတ်လ ပုံနှိပ်စာစောင် မတ်လကုန်မှာ ထွက်ပါတယ်


မိုးမခ မတ်လ ပုံနှိပ်စာစောင် မတ်လကုန်မှာ ထွက်ပါတယ်
(မိုးမခ) ဧပြီ ၃၊ ၂၀၁၆

ထုံးစံအတိုင်း အကြောင်းကြောင်းသော အကြောင်းအကြောင်းတွေကြောင့် မိုးမခမတ်လထုတ် ပုံနှိပ်စာစောင် မတ်လကုန် ရက်သတ္တပတ်မှာ ထွက်ခဲ့ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မထွက်ထွက်အောင် ထုတ်ဝေနိုင်ခဲ့ပါပြီ။ ဧပြီလ မိုးမခပုံနှိပ်ကိုတော့ ဧပြီလဆန်းမှာ မရရအောင် ထွက်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ မြန်မာပြည်မှာ လူထုရွေးချယ်တဲ့ အစိုးရအသစ်တောင် တက်နေပြီ မိုးမခမဂ္ဂဇင်းကတော့ ခုထိတောင် အချိန်မီ ဆိုင်တွေပေါ် မတက်နိုင်တာ ရှက်စရာပါ။ အရင်တုန်းကတော့ စစ်တပိုင်းအစိုးရကြောင့် ဘာညာဆိုပြီး သူများကို လက်ညိုးထိုး အပြစ်ရှောင်လို့ ရသော်လည်း ခုချိန်မှာတော့ဖြင့် မဂ္ဂဇင်းပုံမှန်မထွက်နိုင်တာ စာနယ်ဇင်းလွတ်လပ်ခွင့် မရှိလို့တို့၊ ဘာတို့ ညာတို့ဆိုပြီး ဆင်ခြေပြလို့ မရနိုင်တာမို့ မဂ္ဂဇင်းဘာလို့ ပုံမှန် မထွက်နိုင်တာတုန်းလို့ မေးရင် ကျနော်တို့ ညံ့လို့ပါလို့ ဖြေရုံမှလွဲ၍ ဘာမှ ဆင်ခြေပြစရာမရှိတော့ပါကြောင်း …

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts