ကဗျာ ခင်လွန်း

ခင်လွန်း – ရိုးမယ်ဖွဲ့စကား

 ခင်လွန်း – ရိုးမယ်ဖွဲ့စကား
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၅

ဘာမှမရှင်းသေဘူး
ဆုပ်ထားတဲ့လက်တွေကိုလဲ ပြန်မဖြည်သေးဘူး
ဖြန့်ထားတဲ့လက်တွေကလဲ
ပြန်မဆုပ်တော့ဘူး။

လက်ဖြောက်တီးသံတချက်ဟာ
ချက်ချင်း မိုးလဲ ရွာနိုင်
ပန်းများလဲ ပွင့်နိုင်
မီးတွေလဲ တဟုန်းဟုန်းတောက်နိုင်…

လက်ကိုလက်ချင်းအပေးအယူကိစ္စမှာ
လက်သီးပုန်းသမားရယ်
လက်ပန်းပေါင်းခတ်နေသူတွေရယ်
လက်ရဲဇက်ရဲသမားရယ်
လက်ဆင့်ကမ်းခြင်းကို
လက်ရှောင်နေသူရယ်
လက်စလက်နဖျောက်ထားသူတွေနဲ့
လက်စလက်န ဖျောက်ချင်သူတွေရယ်
လက်ကိုလက်ခြင်း ချိတ်ဆက်
လက်ကိုလက်ချင်းယှက်ထိုးထားသူတွေရယ်နဲ့
လက်တွေ့မြင်ကွင်းထဲက လောကကြီး…

အဲဒီ့ လက်များပေါ့
လူ့သမိုင်းတွေကို သူတို့ရေးသွားခဲ့ကြတာ
ကမ္ဘာကြီးတသက်တာလုံး
ဖျက်ရာ ခြစ်ရာအပြည့်နဲ့
အကျအပေါက်တွေအပြည့်နဲ့
ရေးလို့မဆုံး ဖျက်လို့မဆုံး
ဒါကိုငတို့က
ဖတ်လို့မဆုံး
မျှော်လို့စောင့်လို့ မဆုံး။ ။

ခင်လွန်း
၂၂း၂၀ နာရီ
၁၆ ဒီဇင်ဘာ၊ ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts