Letter to MoeMaKa မိုးမခကို ပေးတဲ့စာ

ဝတ်မှုန်(စင်ကာပူ) – ပြည်တော်ပြန် မြန်မာတွေ ၀ှိုက်ကဒ် ဖြည့်စရာ လိုသလား

ဝတ်မှုန်(စင်ကာပူ) –  ပြည်တော်ပြန် မြန်မာတွေ ၀ှိုက်ကဒ် ဖြည့်စရာ လိုသလား 

(မိုးမခပေးစာ) အောက်တိုဘာ ၂၈၊ ၂၀၁၅

မြန်မာနိုင်ငံလေဆိပ်က ဝန်ထမ်းများ တော်တော် အလုပ်ရှုပ်ပါတယ်။ အထူးသဖြင့် နိုင်ငံခြားအလုပ်သွားလုပ်ကြမဲ့ ထိုင်း၊ မလေးရှားသွားတဲ့ မြန်မာလူငယ်လေးများကို ကြည့်ရင်း မျက်ရည်ကျမိပါတယ်။ သူတို့ခမြာ အုပ်စုလိုက် အဝတ်စားအကောင်းဆုံးနဲ့ ဆင်ယင် ထွက်လာပေမဲ့ နိုင်ငံတကာလေဆိပ်အဆင့်မှာတော့ ကြည့်လိုက်တာနဲ့ စိတ်မကောင်းစရာတွေ့ရပါတယ်။

ကြုံလို့ ရေးရင် မြန်မာပြည်ကို ထိုင်းနိုင်ငံစားသောက်ကုန်လုပ်ငန်းများက လုံးဝစိတ်မချလို့ စက်ရုံမထောင်၊ ရင်းနှီးမြှတ်နှံမှု မလုပ်ပါဘူး။ ဥပဒေ မစိုးမိုးတဲ့ မြန်မာအစိုးရ၊ ဒေသအစိုးရ နောက်ဆုံး ရပ်ကွက် အုပ်ချုပ်ရေးမှုးနဲ့ ဌာနဆိုင်ရာ လျှပ်စစ်၊ ရေလုပ်ငန်း၊ မြေဂရန် ..စသဖြင့် သိပ်ခက်ခဲပါတယ်။ ထားပါတော့။ ဒါက နိုင်ငံတော်အဆင့်ပါ။

အခုရေးမှာကတော့ အကောက်ခွန် ဌာနရဲ့  မြန်မာပြည် ပြန်လာတဲ့ မြန်မာလူမျိုးများကို နိုင်ငံခြားသားတွေရှေ့မှာ ပေါ်တင် အနိုင်ကျင့်၊ ဖိနှိပ်အုပ်ချုပ်ပြတဲ့ Custom Declaration Form ကိစ္စဖြစ်ပါတယ်။

မြန်မာအချင်းချင်း အာဏာပိုင်တွေက မတရား လူကိုလူလို မဆက်ဆံမှုတခုပေါ့
မြန်မာနိုင်ငံလေယာဉ်နဲ့ပြန်လာချိန် ရန်ကုန်လေဆိပ်အဝင်မှာ ကြေညာချက်၂ခု မြန်မာလိုကြေညာတာ ကျနော်အတွက်တော့ နားကြားပြင်းကပ်တယ်ဗျာ

၁။ မြန်မာနိုင်ငံသားများလဲ နိုင်ငံခြားသားတွေလို ဝှိုက်ကပ်ဖြည်ရမယ် (အရှေ့တောင်အာရှနိုင်ငံတွေမှာ နိုင်ငံခြားသားပဲ ဝှိုက်ကဒ်ဖြည့်ရတယ်။ ကိုယ့်နိုင်ငံသားဆို မဖြည့်ရဘူးလေ)။

၂။ နိုင်ငံခြားသားဆို ဒေါ်လာတစ်သောင်းအထက် Cash ပါလာရင် Declare လုပ်ရမယ်တဲ့။ ဘယ်တိုးရစ်စ်မှ ငွေသား ဒေါ်လာတစ်သောင်းကိုင်ပြီး ခရီးမသွားပါ။ ခရက်တစ်ကဒ်ပါရင် မြန်မာနိုင်ငံမှာ ဒေါ်လာရ နေပါပြီ။ ဘဏ်စနစ်တိုးတက်နေပါပြီ။ (ဒါကလည်း ထားလိုက်ပါဦးတော့၊ အချို့နိုင်ငံတွေမှာလည်း ငွေသားကိုင်ဆောင်လာရင် ထုတ်ပြောခိုင်းတတ်ပါတယ်)
ပြဿသ  နာကတော့ မြန်မာနိုင်ငံသားဆိုရင် ဒေါ်လာ မည်မျှဖြစ်စေ Declare  လုပ်ရမည် ဆိုပဲ။

ဒီကြေညာချက်၂ခုကို မြန်မာလို လေယာဉ်မဆင်းခင်ကြေညာတော့ အလွန်နားကြားပြင်းကပ်ပါတယ်။ မလုပ်သင်တဲ့ မြန်မာအချင်းချင်း အနိုင်ကျင့်တဲ့ ရှက်ဖွယ်လုပ်ရပ်ပါ။

ဘုန်ကြီးခေါင်းကို သေနပ်ဒင်နဲ့ရိုက်တာမျိုး ဧည့်စာရင်းတိုင်ရတာတော့ မလုပ်တော့ပေမဲ့ တချို့ဒေသတွေမှာ ကျင့်နေဆဲပါပဲ။

မြန်မာအချင်းချင်း အဲလို အနိုင်ကျင့် အဓိပ္ပါယ်မရှိတဲ့ ဥပဒေတွေနဲ့ အင်အားသုံးနှိမ်တာတွေ ဆက်လက်ဖေါ်ပြပါဦးမယ်။

ဒါကြောင့် မီဒီယာများကပဲ ပထမစတင်ကြေငြာဖို့၊ ဒီလိုအသေးမွှားလေးတွေကနေတဆင့် ကိုယ့်လူမျိုးကို ကိုယ့်အစိုးရကိုယ်တိုင်က မြှင့်တင်လေးစားရဖို့ ဖြစ်ပါတယ်။ ပြည်တွင်းခရီးသွားရင် ထောက်လှမ်းရေးလို၊ စသုံးလုံးလို လူတွေက တကိုယ်လုံး ပိုက်ဆံအိတ်မကျန် ဖွင့်ပြခိုင်းပြီး သယ်ဆောင်လာတဲ့ နိုင်ငံခြားငွေ အနည်းငယ်ကိုတောင် အနိုင်ကျင့်ပြီး သိမ်းဆည်း ဖမ်းဆီးတာတွေ မလုပ်ဖို့ လိုပါတယ်။ ဒါမျိုးတွေက ပြည်တွင်းမှာ အနိုင်ကျင့်တဲ့ ကိစ္စပါ။

အခုကိစ္စကတော့ နိုင်ငံခြားသားတွေက မြန်မာပြည်ဝင်လာတာနဲ့ လေဆိပ်မှာ မြန်မာလူမျိုးတွေ အချင်းချင်းဆိုရင် နှိပ်ကွပ်အနိုင်ကျင့်နေကြတယ်ဆိုတာ သိသွားပြီလေ။ ရှက်ဖွယ်ပါ။

ဝတ်မှုန် (စင်ကာပူ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts