ကဗျာ

ညီဆူးသစ် – မလွယ်တဲ့ခေတ်

 

ညီဆူးသစ် – မလွယ်တဲ့ခေတ် 

(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၅

အားကြို မသွင်းထားရင်

ဖုန်း နှိပ်လို့ မရတော့သလို။

ကျည်ဆံကြို မထည့်ထားရင်

ကိုယ့်အရင် ကိုယ့်ရန်သူက ပစ်ထည့်လိုက်မှာပဲ။

 

ဒါ့ကြောင့်

မျှော်လင့်ချက်တွေ  ပိုပိုထားထား

အတွေးတွေ ပိုပိုတွေးထား

အနာဂတ်ကို ကြိုကြိုရေးဆွဲထား

ဦးနှောက်ပြေးမှ

ဒီခေတ်က မလွယ်ဘူးဆို။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts