News Yan Naung (Bo Ta Htaung)

` နာရီတိုင်းမှာ ၅ မိနစ်စာ ´ အထူးအစီအစဉ် ကို MPT မှ နောက်ထပ်တစ်လတိုးမြှင့် ရန်နောင်(ဗိုလ်တထောင်) မိုးမခ

` နာရီတိုင်းမှာ ၅ မိနစ်စာ ´ အထူးအစီအစဉ် ကို MPT မှ နောက်ထပ်တစ်လတိုးမြှင့်
ရန်နောင်(ဗိုလ်တထောင်)    မိုးမခ
စက်တင်ဘာလ ၂၆ – ၂၀၁၅
 
          မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတဦးဖြစ်သော
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)   သည် ၎င်း၏ ဆွေသဟာအစီအစဉ်သုံးစွဲသူအားလုံးအတွက်
ရည်ရွယ်စီစဉ်ပေးထားသော ` နာရီတိုင်းမှာ  ၅မိနစ်စာ
´ အစီအစဉ်ကို အသုံးပြုသူများ၏ နှစ်ခြိုက်မှုနှင့်တောင်းဆိုမှုကြောင့် မူလကြေညာထားသော
နောက်ဆုံးရက်ဖြစ်သည့် စက်တင်ဘာလ ၃၀ ရက်နေ့အစား အောက်တိုဘာလ ၃၁ ရက်အထိ နောက်ထပ်တစ်လတိုးမြှင့်
ပြုလုပ်လိုက်ကြောင်း သတင်းရရှိသည်။
` သုံးစွဲသူတွေဆီကနေ အခုလိုအပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေ
ကြားသိရတာ တကယ်ကို ဝမ်းသာရပါတယ်။ ကျနော်တို့ MPT ကို အသုံးပြုသူတွေအနေနဲ့ ဒီအထူးအစီအစဉ်ကြောင့်
တစ်နာရီအချိန်အတွင်းမှာ မိတ်ဆွေတွေ မိသားစုတွေဆီကို  မိနစ်အပိုများများ ဖုန်းခေါ်ဆိုနိုင်ကြပြါီ့။ သုံးစွဲသူတွေဆီက
နှစ်ခြိုက်မှုနဲ့ တောင်းဆိုမှုတွေကြောင့် ဒီ ` နာရီတိုင်းမှာ ၅ မိနစ်စာ ´ အထူးအစီအစဉ်ကို
နောက်ထပ်အချိန်ကာလတစ်လ တိုးမြှင့်ဖို့ ကျနော်တို့ ဆုံးဖြတ်လိုက်တာပါ။ကျနော်တို့
MPT အနေဲ့သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုနဲ့ လိုအပ်ချက်တွေကို အမြဲနားစွင့်နေပြီး အကောင်းဆုံးဝန်ဆောင်မှုတွေ
ပေးအပ်သွားမှာပါ ´ ဟု MPT-KSGM  Joint
Operations ၏ CEO ဖြစ်သူ Mr.Takashi Nagashima က ပြောကြားသည်။
          အထူးအစီအစဉ်၏
စည်းကမ်းသတ်မှတ်ချက်မှာ ယခင်အတိုင်းပင် ဖြစ်ပြီး ဆွေသဟာအသုံးပြုသူများ အားလုံးအတွက်
ဖြစ်သည်။မိနစ် ၆၀ ဆက်တိုက် ဖုန်းခေါ်ဆိုသူများသည် ပထမဆုံး ၅ မိနစ်အတွက်သာ တမိနစ် ၂၃
ကျပ်နှုန်းဖြင့် ပေးဆောင်ရမည်ဖြစ်ပြီး ကျန်ခေါ်ဆိုချိန် (အများဆုံး ၅၅ မိနစ်အထိ) ကို
အခမဲ့ ပြောဆိုနိုင်မည်ဖြစ်သည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts