ကဗျာ

ခိုင်မိုးသူ (UCSM) – မသေသောဗိုလ်ချုပ် (၀ါ) မြန်မာ့မြေနှင့်အတူ ထာဝရရှင်သန်နေမည့်သူ

 
ခိုင်မိုးသူ (UCSM) – မသေသောဗိုလ်ချုပ် (၀ါ) မြန်မာ့မြေနှင့်အတူ ထာဝရရှင်သန်နေမည့်သူ
(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၅

၁၉၁၅.. ၁၃ ဘွား
ဖေဖော်ဝါရီတွင် နယ်တွင်နတ်မောက်
ထွန်းတောက်သည့် ကြယ်.. ဖွားမြောက်ခဲတယ်။

ဦးဖာ ဒေါ်စု  မျိုးမြတ်စုမှ
ရူမ၀သည့် သားလှ ထိန်လင်း
ဘိုးမင်းရောင်မြေး ပြည်ချစ်သွေးမို့
နိုင်ငံ့အရေး လက်မနှေးတယ်။

ထိန်လင်း၊ တေဇ အောင်ဆန်း လုလင်
ခေါင်းဆောင်၍ပင် ဟိုင်နန်ကျွန်းတစ်ခွင်
ရဲသုံးကျိပ်တို့ စစ်ပညာသင် စခဲ့ကြတယ်။

ပန်းတိုင်မပျောက် ဒူးမထောက်ဘဲ
ရောက်ဆဲ ဖက်ဆစ် အမျိုးညစ်ကို
အမြစ်ကျိုးအောင်
၃ နှစ်မကြာ  တိုက်ထုတ်ခဲ့တယ်။

စာရိတ္တ မဏ္ဍိုင် နှိုင်းယှဉ်ကလည်း
ဖောက်လဲမရှိ သူ.သတိနှင့်
ခွင့်ထူးမယူ ဆင်းရဲအတူ
ဒို့ပြည်သူနှင့် တစ်သားတည်း ရှိခဲ့တယ်။

နယ်ချဲ့ဖက်ဆစ် ရန်သူစစ်ပင်
နှစ်သက်ချီးကျုး သူတထူးကို
အထူးလေးစား ပြည်သူများက
နှုတ်တွင်တသသ ဖော်ထုတ်ကြသည်…

“မသေသောဗိုလ်ချုပ်” ဟူသတည်း။

ခိုင်မိုးသူ (UCSM)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts