(မိုးမခ) ဧပြီ ၁၉၊ ၂၀၁၅ချွတ်ခြုံကျမှုက
အရာရာ ဦးစီးသယ်ဆောင်နေတဲ့ခေတ်
စစ်ခေတ်။
တကိုယ်ကောင်းစိတ်
သစ်တောအုပ်တွေလို အပြိုင်းအရိုင်း
စိမ်းလန်းနေတဲ့ ခေတ်။
သစ္စာတရားကိုကွင်းရှောင်
သူရဲဘောကြောင်တဲ့ ခေတ်
စစ်ခေတ်။
ကောက်ကျစ်မှု မြွေတွေ
မြေပြင်ပေါ်မှာ လမ်းသလားနေတဲ့ခေတ်။
အပျက်အစီး အဟောင်းအမြင်းများ
အရောင်တင် အသစ်လုပ်ထားတဲ့ခေတ်။
အဲဒီခေတ်ကို တိုက်ဖျက်ဖို့
ကျောင်းသားသပိတ်တပ်သားတို့
ရှေ့သို့ချီတက်လာနေပေါ့။
လူထုသိန်းသောင်း
အလှိုက်လှဲဆုံး ကြိုဆိုလိုက်ကြ
ကျောင်းသားလက်
တွယ်ဖက်ဆုတ်ညှစ်
ချစ်မေတ္တာ စေတနာပန်းပွင့်
သီးဆင့်ပန်းကုံးများ
ကျောင်းသားလည်တိုင်လျှံမောက်
သွေးညိုမဲ သူတို့ခြေထောက်
မေတ္တ ပန်းရနံ့တွေကြောင့်ပဲ
အနာအဆာကင်းဝေးပျောက်။
အဟောင်းဖျက်သိမ်းမယ့်အသစ်
တက်ကြွလူငယ်ပျိုမြစ်
တိုင်းပြည်က ၀ိုင်းချစ်ခဲ့ကြတယ်။
မောင်စိုးချိန်
ဇန္န၀ါရီ ၂၉၊ ၂၀၁၅
သရုပ်ဖော်ပန်းချီ – သန်းဌေးမောင်