Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ရန်နောင်(ဗိုလ်တထောင်) – Coca-Cola သင်္ကြန်မဏ္ဍပ်ထွက်မည်ဟု စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles



ရန်နောင်(ဗိုလ်တထောင်) – Coca-Cola သင်္ကြန်မဏ္ဍပ်ထွက်မည်ဟု  စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်

(မိုးမခ) ဧပြီ ၄၊ ၂၀၁၅

Forever Group မှစီစဉ်တင်ဆက်သော Coca- Cola Summer Festival 2015 အား ဧပြီလ (၁၃) ရက်နေ့မှ (၁၆) ရက်နေ့အထိ သင်္ကြန်(၄) ရက်တိုင်တိုင် ရှင်စောပုလမ်းအနီး ပြည်လမ်းမကြီးပေါ်တွင် နိုင်ငံကျော် အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှုများ ၊ DJ ၏ မြူးကြွသော ဂီတလက်ရာများနှင့် Dancers များ၏ အကအလှများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည့် အကြောင်း  သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ အလံပြဘုရားလမ်းပေါ်ရှိ Park Royal Hotel တွင် ဧပြီလ (၂) ရက်နေ့က  နေ့လည် (၂) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

သီဆိုဖျော်ဖြေကြမည့် တေးသံရှင်များမှာ Rဇာနည်၊ ဝေလ၊ ရဲရင့်အောင်၊ ချမ်းအေးဝင်း၊ဘိုလေး၊ Xbox ၊ Lil’Z ၊ထက်အောင်(အိပ်မက်ဆုံရာ )၊ ဝိုင်းစုခိုင်သိန်း၊ မိစန္ဒီ၊ ဝိုင်းလေး ၊ပိုပိုဟေသာ တို့က ဖျော်ဖြေကြမည်ဖြစ်ကြောင်း ကိုပြည့်ဖြိုးဟန် (Head of Resources Department) မှ ပြောကြားခဲ့သည်။

Coca- Cola Summer Festival 2015 ပွဲကြီး၏ ဖျော်ဖြေတင်ဆက်မှုများကို ဧပြီလ (၁၃) ရက်နေ့မှ (၁၆)ရက်နေ့အထိ MRTV-4 တွင် နေ့စဉ် နံနက်(၉း၀၀) နာရီမှ နေ့လည် (၁၂း၃၀) အထိ၊ Channel 7 တွင် နေ့စဉ် နေ့လည် (၃း၀၀) နာရီမှ ညနေ(၆း၃၀ )အထိ အချိန်နှင့်တပြေးညီ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။ ဆက်စပ်ရုပ်သံလိုင်းများဖြစ်သော 4HD နှင့် For Tunes Channels များတွင် နေ့စဉ် နံနက် (၉း၀၀) နာရီမှ နေ့လည် (၁၂း၃၀) နာရီ နှင့် ညနေ (၃း၀၀ )နာရီ မှ (၆း၃၀ )အထိ အချိန်နှင့်တပြေးညီ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts