U Win Tin မိန့်ခွန်း မှတ်စုမှတ်တမ်း ဟံသာဝတီ ဦးဝင်းတင် ဦးဝင်းတင်

ဦးဝင်းတင် ၈၄နှစ် (၂၀၁၄၊ မတ် ၁၂) မွေးနေ့စကား ကောက်နုတ်ချက်

ဦးဝင်းတင် ၈၄နှစ် (၂၀၁၄၊ မတ် ၁၂) မွေးနေ့စကား ကောက်နုတ်ချက်
(မိုးမခ) မတ် ၁၀၊ ၂၀၁၅

၂၀၁၄ စစ်အာဏာရှင်အခြေခံဥပဒေကြီး ပြင်ရ ပြောင်းရ သစ်ရအုန်းမယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီး နွှဲရအုန်းမယ်။
၂၀၂၀ ဒီမိုကရေစီခေတ်သစ်ကြီး နွှဲရအုန်းမယ်။
၂၀၂၅ ဖယ်ဒရယ်ပြည်ထောင်စုကြီး နွှဲရအုန်းမယ်။
၂၀၃၀ အမျိုးသားပေါင်းစည်းညီညွတ်ချိန်ကြီး နွှဲရအုန်းမယ်။
၂၀၃၅ … … အလိုလေး သက်တော်ရာကျော် ရှည်မှ ဖြစ်တော့မှာပေါ့လား။

၁၉၉၅ မတ်လ အင်းစိန်ထောင်ထဲမှာ စစ်ခွေးတရားရုံးတင် စစ်ခံနေရတုန်းက ကျနော် တရားဝင်အာမခံခဲ့တဲ့ စကားရှိတယ်။
“ကျုပ် ဒီနေ့ ၆၅ နှစ်ပြည့်တယ်၊ ဒီမိုကရေစီတိုက်ပွဲတွေ မပြီးဆုံးသေးဘူး။ ဆက်တိုက်ရအုန်းမယ်။ နောက် နှစ်ပေါင်း ၅၀ ကျုပ်အသက်ရှည်အုန်းမယ်။”

နောက်ထပ် နှစ် ၅၀ ကျနော်အသက်ရှည်မှာ မမြင်ဝံ့လို့ စစ်အာဏာရှင်တွေ မျက်စိကန်းကုန်ကြတယ်၊ မကြားဝံ့လို့ စစ်အာဏာရှင်တွေ နားပင်းကုန်ကြတယ်၊ မပြောဝံ့လို့ ဆွံ့အကုန်ကြတယ်။ ဒီမိုကရေစီတိုက်ပွဲ အလီလီ ဆက်လက်ဆင်နွှဲဖို့ ကျနော် အသက်ရာကျော် ရှည်အုန်းမယ်။ ၂၀၃၅ ထိ အောင်ပွဲအလီလီ ခံကြဦးစို့ တိုက်ပွဲဝင် ရဲဘော်တို့။    ။

ဟံသာဝတီဦးဝင်းတင်
၁၂ မတ်လ ၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts