ကျော်ဟုန်း – ဖား သုတေသန
(မိုးမခ) ဇန်န၀ါရီ ၁၃၊ ၂၀၁၅
ကိုယ်ပေါ်ကို
မိုးစက်ကျမှ
ထ အော်တဲ့ ဖား။
မီးရောင်အောက်
ပြူးကြောင်ကြောင်နဲ့ 
မှင်တက်တဲ့ ဖား။
အပျော်လွန်
သံကုန်ဟစ်လို့ 
သေရတဲ့ ဖား။
(အဲ့ဒါ စားဖား)
ကပ်ဖားကျ
စားဖားနဲ့ ကွာ
ပြောင်းပြန် အချိုးကျ။
ဘဝမှာ
ကပ်ပါးပင်လို
စည်လို့ ဝေလို့ 
စူလို့ ဖြိုးလို့ ။
ရှင်လျက်နဲ့ 
သေတာ လွဲရင်
အနေ ချောင်
အစား မရှောင်
(အဲ့ဒါ ကပ်ဖား)
၁၀ ၊ ဇန်နဝါရီ၊ ၂၁၀၅။
(တိုက်ဆိုင်သူတွေကို ရည်ညွှန်းပါသည်။)
Thank you ! They know themselves.