ကဗျာ

အောင်ဘညို – ပြည်တွင်းရေး

အောင်ဘညို – ပြည်တွင်းရေး
သြဂုတ် ၉၊ ၂၀၁၄
 

အရပ် ၂ ပေ မပြည့်တဲ့ကောင်က
ဘော်လီဘော ကစားမလို့တဲ့ ..။

ခြေထောက်မသန်တဲ့ကောင်က
မာရသွန်ပြေးပွဲ ၀င်မလို့တဲ့ ..။

စကားမပီတဲ့ကောင်က
အဆိုပြိုင်ပွဲ ၀င်လို့မတဲ့ ….။

မျက်လုံးမမြင်တဲ့ကောင်က
ပန်းချီဆွဲမလို့တဲ့ …။

ကျပ်မပြည့်တဲ့ကောင်က
အခြေခံဥပဒေရေးဆွဲဦးမတဲ့ …။

ခေါင်းမပါတဲ့ကောင်က
တိုင်းပြည်အုပ်ချုပ်ဦးမတဲ့ ….

မတဲ့ …။
မတဲ့ …။
မတဲ့ ….။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts