ကဗျာ ဆောင်းလူ

ဆောင်းလူ – တပတ်နွမ်းများ

Photo:>
 တပတ်နွမ်းများ
ဆောင်းလူ
မတ်လ ၂၁၊ ၂၀၁၄
++++

မြင်မြင်သမျှအရာတွေ ဟိုးနေ့များနဲ့ မညီပေမယ့်
အခိုးအငွေ့ လျှံနေတဲ့ လောကကြီးထဲ
လောဘတွေ တပွေ့တပိုက်ကြီးနဲ့
လူးလားခေါက်ပြန် ကူးခတ်နေတယ် ...။

ညပေါ်ကလတောင် ..
မြင်နေကျမဟုတ်တာမှာ အနီတောင့်တောင့် ....။

လမ်းပေါ်က ကျီးတွေတောင်
ကြားနေကျ အာသံအောက်မှာ ချွဲကပ်သံနဲ့ ....။ 

ကားပေါ်က ခရီးသွားတွေတောင်
သွားနေကြတခရီးတည်းကို အလုအယက် ...။

ပစ္စုပ္ဗန်နဲ့ အနာဂါတ်ကြား
လက်တလုံးခြား လုပ်လိုက်ရမှ ကျေနပ်နေတဲ့ ခေတ် ...
အသွားလည်း မြန်တယ် ....။ 
အပြန်လည်း မြန်တယ် ...။ 

ဒီလိုပဲ 
မလုံမလဲ ညဉ်နဲ့
ကံစီမံရာ ပုံချပစ်လိုက်တာ ...
ကမ္ဘာကြီး ဖောက်ပြန်တော့မှ
တပတ်နွမ်း ချစ်စိတ်ဟာ ... အံ့သြစိတ်နဲ့ နွမ်းလို့ .....။

နောက်ဆုံးတော့ ...
ငါ ... ကျေနပ်လိုက်ရတာ ...
အော် ... ဒီချစ်စိတ် တပတ်နွမ်းနဲ့ ကျေနပ်လိုက်ရတာ ...။ 

မတ်လ ၂၁၊ ၂၀၁၄ ခုနှစ်
နွေနေ့လည် - ၃း ၄၃ နာရီ 

တပတ်နွမ်းများ

 ဆောင်းလူ၊  မတ်လ ၂၁၊ ၂၀၁၄

 

မြင်မြင်သမျှအရာတွေ ဟိုးနေ့များနဲ့ မညီပေမယ့်
အခိုးအငွေ့ လျှံနေတဲ့ လောကကြီးထဲ
လောဘတွေ တပွေ့တပိုက်ကြီးနဲ့
လူးလားခေါက်ပြန် ကူးခတ်နေတယ် …။

ညပေါ်ကလတောင် ..
မြင်နေကျမဟုတ်တာမှာ အနီတောင့်တောင့် ….။

လမ်းပေါ်က ကျီးတွေတောင်
ကြားနေကျ အာသံအောက်မှာ ချွဲကပ်သံနဲ့ ….။

ကားပေါ်က ခရီးသွားတွေတောင်
သွားနေကြတခရီးတည်းကို အလုအယက် …။

ပစ္စုပ္ဗန်နဲ့ အနာဂါတ်ကြား
လက်တလုံးခြား လုပ်လိုက်ရမှ ကျေနပ်နေတဲ့ ခေတ် …
အသွားလည်း မြန်တယ် ….။
အပြန်လည်း မြန်တယ် …။

ဒီလိုပဲ
မလုံမလဲ ညဉ်နဲ့
ကံစီမံရာ ပုံချပစ်လိုက်တာ …
ကမ္ဘာကြီး ဖောက်ပြန်တော့မှ
တပတ်နွမ်း ချစ်စိတ်ဟာ … အံ့သြစိတ်နဲ့ နွမ်းလို့ …..။

နောက်ဆုံးတော့ …
ငါ … ကျေနပ်လိုက်ရတာ …
အော် … ဒီချစ်စိတ် တပတ်နွမ်းနဲ့ ကျေနပ်လိုက်ရတာ …။

မတ်လ ၂၁၊ ၂၀၁၄ ခုနှစ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts