Suu L Linn သတင်းပဒေသာ

မျှော်စင်ကျွန်းမှာ တစ်ကိုယ်တော်ရှိုးနှင့်ဖျော်ဖြေမည့် နောနော်

မျှော်စင်ကျွန်းမှာ တစ်ကိုယ်တော်ရှိုးနှင့်ဖျော်ဖြေမည့် နောနော်

ဆူးအယ်လင်း။ ရန်ကုန်။ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၄

တကိုယ်တော်တေးစီးရီးလေးခွေ ထွက်ရှိထားပြီး Slow Rock များအားသန်သည့် တေးသံရှင် နောနော်၏ ၀မ်းမင်းရှိုးကို မတ်လ နှစ်ရက်နေ့ တောင်သူလယ်သမားနေ့တွင် ကန်တော်ကြီး မျှော်စင်ကျွန်း၌ပြုလုပ်သွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၈ ရက် နံနက် ၁၀ နာရီက စင်ထရယ်ဟိုတယ်တွင် ကျင်းပခဲ့သည့် စာနယ်ဇင်းရှင်းလင်းပွဲဖြင့် ထုတ်ပြန်လိုက်သည်။

အဆိုပါပွဲတွင်တေးသံရှင်နောနော်က “ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် ကျနော်တို့က အနုပညာ အဲလောက်မပြည့်သေးဘူး ။ တီးခတ်မှုအပိုင်းတို့ ၊ ဖန်တီးမှုအပိုင်းတို့ မပြည့်သေးတဲ့အတွက်ပါ ထပ်ပြီး ကြိုးစားနေမှာပါ” ဟု ဆိုသည်။

ဂီတအပြင် ပန်းချီဆွဲခြင်းနှင့် ဘောလုံးအားကစား ၀ါသနာပါပြီး တေးသီချင်းများကို ညပိုင်းတွင် ရေးဖြစ်ကြောင်းနှင့် အလုပ်များနေခြင်းကြောင့်အချစ်ရေးကို
မစဉ်စားသေးကြောင်းလည်း သိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts