ရသဆောင်းပါးစုံ မောင်လူရေး

သမတရွေးတယ်ဆိုတာ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မောင်လူရေး
ဇန်န၀ါရီ ၇၊ ၂၀၁၄
ကိုယ့်နိုင်ငံရဲ့သမတတယောက်ကိုရွေးတယ်ဆိုတာ ဘယ်သူမှ သုံးစားမရတဲ့သူ၊ တိုင်းပြည်ကို ဒုက္ခပေးမဲ့သူကို မရွေးပါဘူး။ စစ်ရေးအမြင်ရှိရမယ်ပြောပြီး ကျောက်ဖြူ ကူမင်းရထားလမ်းဖောက်ခွင့်နဲ့ နန်းသက်ဆွဲဆန့်တဲ့လူမျိုးတွေကိုလဲ မရွေးပါဘူး။ သူ့အကျိုးစီးပွားကာကွယ်ဖို့ဆိုပြီး တရုတ်စစ်တပ်ကြီးအချိန်မရွေးဝင်လာနိုင်တဲ့တရုတ်တံခါးကြီးလေ။

 

မြန်မာတပြည်လုံးရဲ့ရှင်သန်မှုပျောက်ကွယ် သွားနိုင်တဲ့ဧရာဝတီမြစ်ဆုံစီမံကိန်းမျိုးတွေကို အဆင်အခြင်မဲ့၊ ဦးနှောက်မဲ့၊ နှလုံးသားမဲ့၊ တရားမဲ့စာချုပ်ပစ်လိုက်မဲ့အမနုဿတွေကိုလဲ မရွေးပါဘူး။

 

နောက်တခုက သားစဉ်မြေးဆက်သမတဆက်ခံလို့လဲ ရတာမဟုတ်တော့ သားသမီးက နိုင်ငံခြားသားဖြစ်တယ်ဆိုတာနဲ့လဲ ဘာမှမဆိုင်ပါဘူး။

 

ဒေါ်အောင်ဆန်းစုကြည်ပြောသလို သားသမီးဆိုတာ ၂၁ နှစ်ကျော်သွားရင် ကိုယ်ပိုင်တော့တာမှမဟုတ်တာ။ သူ့ဆုံးဖြတ်ချက်နဲ့သူဘဲလေ။

တဆညက ၅၉ ကို မပြင်သင့်ဘူးပြောတာတို့၊ ကြံ့ခိုင်ရေးပါတီရဲ့၅၉ ကို ၅၉ ကျပ်သားလောက်ဘဲပြင်မယ်ပြောတာတို့ဟာ ဥပဒေသဘောအမြင်ကန်းနေတာရယ်၊ ဂျေဝင်နေတာရယ်၊ သေချာမစဉ်းစားဘဲ ရှေ့ကပြောလို့ နောက်က လိုက်ပြောနေတာရယ်တွေပါ။ ဘာရယ်လို့ဟုတ်မယ်မထင်ပါဘူး။ ကြံ့ဥက္ကဌလောင်းဦးဌေးဦးတောင် ခုမှ ခြေဥဖတ်မလို့လို့ပြောထားသေးတာ ထောက်ကြည့်ရင် ဘာရယ်မဟုတ်ဘူးဆိုတာ သေချာပါတယ်။

 

ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ကို သမတဖြစ်စေချင်နေတာကို မလိုက်နာဘဲငြင်းဆန်နေတာကိုက ပြည်သူ့အသံကို လွတ်တော်လက်မခံဖြစ်နေတယ်ဆိုတာကို သဘောပေါက်ဖို့လိုပါတယ်။

 

လောလောဆယ် ဒေါ်စုလောက်တိုင်းပြည်အပေါ်သြဇာရှိသူ၊ ရိုးရိုးရှင်းရှင်းအမှုထမ်းမည့်သူ၊ ပညာရေး၊ ကျန်းမာရေးစတဲ့အဖက်ဖက်က ကျွံကျနေတဲ့ဒုက္ခတွေထဲက ဦးဆောင်ဆွဲတင်နိုင်တဲ့သူ၊ တကမ္ဘာလုံးကအလေးထားဆက်ဆံမည့်သူ၊ တရုတ်လိုခြိမ်းချောက်အကြပ်ကိုင်တာခံရမဲ့ မဖွယ်မရာစည်းစိမ်ဥစ္စာများပိုင်ဆိုင်မထားသူ မပေါ်သေးတာ သေချာပါတယ်။

 

အဲဒီတော့ တိုင်းပြည်တိုးတက်ဖို့ အနှောင့်အယှက်မပြုသင့်တော့ပါဘူး။ အခုဟာက ဒေါ်စုက ရှင်းရှင်းပြောရရင် ရှေ့ကဖျက်ထားခဲ့တာတွေကို ဖာထေးဖို့နဲ့ တိုင်းပြည်ကြီး ရှေ့ခရီးမဆက်နိုင်ဘဲရပ်တန့်နေတာကို ဆက်နိုင်ဖို့ ဝင်လုပ်ရမှာပါ။ အဲဒါကိုလဲ ကြံ့ခိုင်ရေးဘဲဖြစ်ဖြစ်၊ တဆညဘဲဖြစ်ဖြစ်၊ ဒေါ်စုမပါတဲ့ NLD ဘဲဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်အနေနဲ့ဖြစ်ဖြစ်၊ ပါတီအနေနဲ့ဘဲဖြစ်ဖြစ်မလုပ်နိုင်တာ သေချာနေပါတယ်။ ဒါကို တိုင်းပြည်ကလဲ သိပါတယ်။ ဒေါ်စုသမတဖြစ်ရေး ငြင်းဆန်နေသူတွေကိုယ်တိုင်လဲသိပါတယ်။ ရိုးသားသူတယောက်ဆိုရင် ဒေါ်စုကို သမတဖြစ်စေချင်မှာလို့ဘဲ ပြောရမလိုဖြစ်နေတယ်။

 

ကိုယ့်တိုင်းပြည်အတွက် ဒီတချီတော့ ရိုးသားလိုက်ကြရအောင်ပါ။ မရိုးမသားရှင်သန်လာကြရတာကြာပြီဘဲလေ။

 

ရွံစရာ၊ ငြီးငွေ့စရာ ယုတ်မာသူများ၊ အမနုဿများအလိုကျ နေထိုင်လာရတာကို ခနလောက်ဖြစ်ဖြစ် ရပ်တန့်ကြရအောင်ဗျာ။

 

ရိုးသားတာဟာ သီလစောင့်တာပါဘဲ။ သီလရှိသူတွေရဲ့တောင့်တမှုဟာ ပြည့်စုံနိုင်တယ်လို့ ဘုရားရှင်က ဟောကြားပါတယ်။ တာဝတိန်သာ နတ်ရွာလောဆိုတာကို ပြီးခဲ့တဲ့ဆီးဂိမ်းပွဲမှာတောင် တင်ဆက်သွားသေးတယ်လေ။

 

ရွှေပြည်တော်မျှော်တိုင်းမဝေးချင်တော့ပါဘူး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “သမတရွေးတယ်ဆိုတာ

Comments are closed.