ကဗျာ ဇေမှိုင်း

ရင်ကွဲပက်လက် ကဗျာ

ဇေမှိုင်း
မတ်လ ၂၆၊ ၂၀၁၃
လူဆင်းရဲတွေက
ရိုးတယ် ရိုင်းတယ်
စာမတတ်အောင်လုပ်ထားလို့ 
နှစ်ခြောက်ဆယ်အကြာမှာ
စာမတတ်ကြရှာဘူး။
တခုပဲရှိတယ်
စာမတတ်တဲ့သူတွေကို
ရန်ဖြစ်စရာမလိုပါဘူး။
ခင်ဗျားပြောခဲ့တဲ့စကားနဲ့ ပဲ
ခင်ဗျားကိုပြန်ပြောမယ်
စာသင်ခွင့် မရှိတဲ့အရပ်မှာ
ဘယ့်နဲ့ စာသင်နိုင်မှာတုန်း
ခင်ဗျားက စာသင်ခွင့်ရတဲ့
အရပ်မှာကြီးပြင်းတော့
ခင်ဗျား စာတတ်တာမဆန်းပါဘူး။
ဆင်းရဲလို့ စာ ၀ယ်မဖတ်နိုင်တာ
အပြစ်ကြီးလားဗျာ။
ရောင်နီလာတယ်
ကြက်ဖတွန်သံကြားတယ်
ခလေးတွေ ငိုမြည်သံ အော်ဟစ်သံတွေနဲ့
ဒီတရွာလုံးနိုးထတယ်
ခလေးအမေတယောက်က
သူ့ ခလေးကို ပြောနေရှာတယ်
ဒို့ မှာ လယ်မရှိ
ဒို့ မှာ စပါးမရှိ
ဒို့ မှာ ၀မ်းစာမရှိ
မငိုပါနဲ့ ခလေးရယ်
ကံ ပေးသမျှပေါ့။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ရင်ကွဲပက်လက် ကဗျာ
  1. ကဗျာအတိုင်းမှန်တယ်
    လိုရင်းတို၇ှင်းဘဲ

Comments are closed.